အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးအသင်းကို လိုက်မီဖို့အတွက် ဒဏ်ရာပြဿနာ ကင်းစင်နေဖို့ လိုအပ်ကြောင်း အာဆင်နယ်နည်းပြ အာတေတာက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ တဖက် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် ပွဲစဉ် ၁၁ အပြီးမှာ အဆင့် ၁ က လီဗာပူးနဲ့ ၉ မှတ်အထိ ကွာဟသွားခဲ့တာပါ။
လီဗာပူးနဲ့ အမှတ်ကွာဟမှုအပေါ် ဘာမှလုပ်ဆောင်လို့မရနိုင်ဘဲ ကိုယ့်အသင်းရဲ့ ကစားသမားတွေ ဒဏ်ရာပြဿနာ ကင်းစင်နေဖို့သာ ဆုတောင်းကြောင်း နည်းပြအာတေတာက ပြောပါတယ်။
ချဲလ်ဆီးနဲ့ပွဲမှာ ကွင်းလယ်လူ ရိုက်စ်နဲ့ တောင်ပံကစားသမား ဆာကာတို့က ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပါသေးတယ်။
လာမယ့်တပတ်က စတင်ပြီး နိုင်ငံတကာပွဲစဉ်တွေ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး နိုင်ငံပွဲတွေအပြီးမှာ ဒဏ်ရာပြဿနာကင်းစင်နေဖို့ အရေးကြီးကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။