Home
အားကစား
အာဆင်နယ်ကို အစကနေပြန်စရန် မလိုအပ်ဟု နည်းပြအာတေတာ ပြော
DVB
·
November 9, 2024
Photo-Reuters

အာဆင်နယ်အသင်းကို အစကနေပြန်လည်စတင်ဖို့ မလိုအပ်ကြောင်း နည်းပြ မီခေးလ်အာတေတာ က ပြောသွားပါတယ်။

ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး ရမှတ် တမှတ်သာစုဆောင်းနိုင်ခဲ့တဲ့နောက်မှာ အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်မှုတွေရှိလာတာပါ။

အာဆင်နယ်ကို အစကနေပြန်စဖို့ လိုအပ်ပြီလားဆိုတဲ့  သတင်းထောက်ရဲ့မေးခွန်းအပေါ် နည်းပြအာတေတာက ငြင်းဆန်သွားခဲ့ပြီး  အသင်းသားတွေအနေနဲ့ အားစိုက်ထုတ်မှု ၉၅ ရာခိုင်နူန်းကနေ ၁၀၀ အထိ ထားရှိဖို့သာ လိုအပ်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။

ချဲလ်ဆီးနဲ့ပွဲမှာ အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ပွဲထွက်ကစားနိုင်မှာဖြစ်ပေမဲ့ တိုက်စစ်မှူး ဟာဗက်ဇ်နဲ့ ကွင်းလယ်လူ ဒက်ကလန်ရိုက်တို့ကတော့ ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရ ပါတယ်။ 

Photo: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024