Home
မြန်မာသတင်း
အောက်တိုဘာလအတွင်း ဆန်တန်ချိန် ၄ သိန်းကျော်တင်ပို့၊ ဘဏ္ဍာနှစ်အတွင်း အမြင့်ဆုံးဖြစ်
DVB
·
November 10, 2024

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍ ထိခိုက်ခဲ့ပေမဲ့ အောက်တိုဘာလမှာ ဆန်နဲ့ ဆန်ကွဲတန်ချိန် ၄ သိန်းကျော်ထိ တင်ပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုက အခုဘဏ္ဍာနှစ် အစောပိုင်းကာလ‌တွေမှာ တလကို တန်ချိန်  ၇ သောင်းကနေ ၂ သိန်းစွန်းစွန်းဝန်းကျင်သာ ရှိခဲ့ရာကနေ အခုလို ဆန်တင်ပို့မှု မြင်တက်လာခဲ့တာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံဟာ ဆန်နဲ့ ဆန်ကွဲတန်ချိန် စုစုပေါင်း ၄ သိန်း ၂ သောင်းကျော် တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

ဆန်တန်ချိန် ၂၃၀,၀၀၀ ကျော်တင်ပို့ခဲ့ပြီး ဆန်ကွဲတန်ချိန် စုစုပေါင်း ၁၉၀,၀၀၀ ကျော်ကို ကုမ္ပဏီပေါင်း ၆၀ ခုက တင်ပို့ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကထက် ၂ ဆကျော် မြင့်တက်လာခဲ့ပါတယ်။

ဒါ့အပြင် ဒီဘဏ္ဍာနှစ်အတွင်းမှာလည်း အောက်တိုဘာလက လအလိုက် တင်ပို့မှုပမာဏ အမြင့်ဆုံးလည်းဖြစ်ပြီး ပို့ကုန်ဝင်‌ငွေ အမေရိကန်ဒေါ်လာ ၁၈၉ သန်းထိ ရှိပါတယ်။

အောက်တိုဘာလအတွင်း မြန်မာနိုင်ငံက အဓိကဆန်တင်ပို့ခဲ့တဲ့ နိုင်ငံတွေက အင်ဒိုနီးရှား၊ ဘယ်လ်ဂျီယံ၊ တရုတ်နဲ့  ဖိလစ်ပိုင်နိုင်ငံတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တနှစ်ကို ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂ သန်းအထက် ပြည်ပကို ပုံမှန်တင်ပို့နေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၁ ဒသမ၇ သန်း နီးပါးသာ တင်ပို့နိုင်ခဲ့ပါတယ်။

အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရဲ့ ပထမ  ၇ လအတွင်း ဆန်တင်ပို့မှုကတော့ ၁ ဒသမ ၃၆ သန်းကျော်ရှိပါတယ်။ အရင်နှစ်ကာလတူထက် တန်ချိန် ၈ သိန်းဝန်းကျင် ပိုတင်ပို့နိုင်ပြီး တန်ဖိုးအနေနဲ့လည်း အမေရိကန်ဒေါ်လာ ၃၆၇ သန်းထိ မြင့်တက်လာပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013