တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယံတိုနဲ့ တရုတ်မြို့တော် ဘေဂျင်းရဲ့ ပြည်သူ့ခန်းမဆောင်မှာ နိုဝင်ဘာ ၉ ရက်က တွေ့ဆုံခဲ့ပြီး အင်ဒိုနီးရှားအစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်နိုင်ငံက ဆန္ဒရှိတယ်လို့ ရှီက ပြောပါတယ်။
ဘေဂျင်းမြို့တော်မှာ ရှီကျင့်ဖျင်နဲ့ ပရာဘိုဝိုတို့ဟာ နှစ်နိုင်ငံအကြားပိုင်နက်အဖြစ် ကြေညာတာ နယ်နမိတ်ချင်းထပ်နေတဲ့ ပင်လယ်ရေပိုင်နက်အတွင်း ငါးဖမ်းလုပ်ငန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် စာတမ်း ၈ ခုကို လက်မှတ်ရေးထိုးရာမှာ ကြီးကြပ်ခဲ့ကြပါတယ်။
အင်ဒိုနီးရှားခေါင်းဆောင်သစ်ဟာ သမ္မတအဖြစ် ပထမဆုံး နိုင်ငံတကာခရီးစဉ်အတွက် နိုဝင်ဘာ ၈ ရက်မှာ တရုတ်နိုင်ငံဆီထွက်လာခဲ့ပြီး အမေရိကန်၊ ဗြိတိန်နဲ့ တောင်အမေရိကတို့မှာ ခရီးတထောက်နားမှာပါ။
သူဟာ APEC နဲ့ G20 ထိပ်သီးအစည်းအဝေးတွေကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလမှာ တတိယမြောက် ရွေးကောက်ပွဲဝင်အပြီး သမ္မတရာထူးကိုရခဲ့တဲ့ ပရာဘိုဝိုက နိုင်ငံတကာဇာတ်ခုံမှာ တက်တက်ကြွကြွပါဝင်ဖို့ စိတ်အားထက်သန်ကြောင်း အချက်ပြခဲ့ပြီး သမ္မတအဖြစ် ရွေးချယ်ခံရချိန်ကနေ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုချိန်အကြားကာလမှာတင် နိုင်ငံပေါင်း ၂၁ နိုင်ငံဆီ သွားရောက်ခဲ့သူ ဖြစ်ပါတယ်။
Source: Reuters