မက္ကဆီကန်ရေတပ်ဟာ အကာပူလ်ကို ကမ်းလွန်ရှိ ပစိဖိတ်သမုဒ္ဒရာအတွင်း သံသယဖြစ်ဖွယ် ကိုကင်း ၃ ဒသမ ၆ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း နိုဝင်ဘာ ၅ ရက်က အစိုးရ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အင်ဂျင်နှစ်လုံးတပ် စက်လှေအတွင်းမှာ အုတ်ခဲပုံသဏ္ဌာန် လုပ်ထားတဲ့ မူးယစ်ဆေးဝါးတွေကို အနက်ရောင် ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ အထုပ်ပေါင်း ၁၀၂ ထုပ် သယ်ဆောင်လာခဲ့ပါတယ်။
ရေတပ်ဟာ နိုင်ငံခြားသား ၆ ဦးနဲ့ မက္ကဆီကိုနိုင်ငံသား ၃ ဦး အပါအဝင် သင်္ဘောသား ၉ ဦးကိုလည်း ထိန်းသိမ်းခဲ့ပါတယ်။ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေနဲ့ ဖမ်းမိသူတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
Source: Reuters