နောင်တက်မယ့် အမေရိကန်သမ္မတဟာ ယူကရိန်းမှာ ယာယီအပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်အောင် အမြန်ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူနဲ့ အမေရိကန်-ရုရှား နိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်သူ ဒမစ်ထရီဆိုင်းမက်စ်က နိုဝင်ဘာ ၆ ရက်မှာ ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအဝင် ရုရှားအစိုးရဟာ ထရမ့်ပ်က သူနိုင်မယ့်အစီအစဉ်ကို ဆက်လုပ်မယ်ဆိုတာကို သိထားတယ်လို့လည်း ဆိုင်းမက်စ်က ပြောပါတယ်။
ယူကရိန်းနဲ့ ပဋိပက္ခမှာ ရုရှားကို အပြင်းအထန် ရန်လိုနေတာ အနောက်နိုင်ငံတွေနဲ့ အမေရိကန်တို့ ဖြစ်တယ်ဆိုတဲ့ ရုရှားအစိုးရရဲ့ ဇာတ်ညွှန်းကို ပဲ့တင်ထပ်ပြီး သူကပြောပါတယ်။ ရုရှားမှာ အကြောင်းပြချက်တိုင်းရှိပြီး အရင်းအမြစ်တွေကိုသုံးရင်း တုံ့ပြန်ပိုင်ခွင့်ရှိတယ်လို့ ဆိုင်းမက်စ်က ပြောပါတယ်။
ထရမ့်ပ်က သူ သမ္မတတာဝန်စယူပြီး ၄၈ နာရီအတွင်း စစ်ပွဲကို အဆုံးသတ်နိုင်တယ်လို့ ပြောထားပေမဲ့ ဆိုင်းမက်စ်ကတော့ ထရမ့်ပ်ကို တပတ် အချိန်ပေးမယ်လို့ ပြောထားပါတယ်။
ဆိုင်းမက်စ်ရဲ့ အမြင်အရ ထရမ့်ပ်ဟာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကို အပစ်အခတ်ရပ်စဲဖို့ သဘောတူမလား၊ ဒါမှမဟုတ် အမေရိကန် အထောက်အပံ့ မရှိဘဲ ဆက်တိုက်ပွဲဝင်မလား ဆိုတဲ့ ရွေးချယ်စရာတခု ကမ်းလှမ်းလိမ့်မယ်လို့ ဆိုပါတယ်။
ဇလန်းစကီးက မလုပ်နိုင်ဘူးလို့ ပြောနိုင်လိမ့်မယ်ဆိုတာ မယုံဘူးလို့ ဆိုင်းမက်စ်က ပြောပါတယ်။ နောက်ဆုံးမှာ အမေရိကန်ပြည်ထောင်စုက နားလည်နိုင်တဲ့ တခုတည်းသော ဘာသာစကားက အင်အားသုံးရေးပဲ ဖြစ်လိမ့်မယ်လို့ ဆိုင်းမက်စ်က ပြောခဲ့ပါတယ်။
Source: Reuters