ကစားသမားဘဝက ရင်ဆိုင်ခဲ့ဖူးသမျှ အကောင်းဆုံးကွင်းလယ်ကစားသမားတွေကို အင်္ဂလန် ကွင်းလယ်လူဟောင်း ပေါလ်စခိုးက ရွေးချယ်သွားပါတယ်။
မန်ယူဂန္ထဝင်ကစားသမားဟာ အသင်းအတွက် ၇၁၃ ပွဲ ကစားခဲ့သူဖြစ်ပြီး ၁၅၃ ဂိုး အထိ သွင်းယူနိုင်ခဲ့သူပါ။
၂၀၀၈ ခုနှစ် ချန်ပီယံလိဂ် ချန်ပီယံ အသင်းမှာပါဝင်ခဲ့တဲ့ ပေါလ်စခိုးဟာ ချန်ပီယံလိဂ်မှာ ရင်ဆိုင်ခဲ့ရသမျှ အကောင်းဆုံးကွင်းလယ် ကစားသမား ၅ ဦးကို ရွေးချယ်သုံးသပ်ခဲ့တာပါ။
ချန်ပီယံလိဂ်မှာ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ် တို့လိုထူးချွန်တဲ့အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ဖူးကြောင်း၊ မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာ၊ ဆီးဒေါ့ဖ် တို့က ခက်ခဲတဲ့ ပြိုင်ဘက်တွ ဖြစ်ကြောင်း ပေါလ်စခိုးက ပြောပါတယ်။
အလားတူ ရီးရဲလ်မက်ဒရစ်က ရော်နယ်ဒို၊ ဖီဂို၊ ဇီဒန်းနဲ့ ရာအူးလ်တို့ဟာလည်း မယုံကြည်နိုင်စရာကောင်းတဲ့သူတွေ ဖြစ်တယ်လို့ ပေါလ်စခိုးက ပြောသွားပါတယ်။