သွင်းဂိုးတွေရနေတဲ့ ဘရိုက်တန်တိုက်စစ်မှူး ဒမ်နီဝဲလ်ဘက်ကို အင်္ဂလန်အသင်းမှာ ပြန်လည်ရွေးချယ်ဖို့ ပရိသတ်တွေက တိုက်တွန်းနေကြပါတယ်။
အသက် ၃၃ နှစ်ရှိဝဲလ်ဘက်ဟာ မနေ့ညက ကစားခဲ့တဲ့ ဝုဗ်နဲ့ပွဲစဉ်မှာ တဂိုးသွင်းခဲ့ပြီး ပရီးမီးယားလိဂ် ၉ ပွဲမှာ ၆ ဂိုးအထိသွင်းယူနိုင်ခဲ့တာပါ။
ဒမ်နီဝဲလ်ဘက်ကို အင်္ဂလန်အသင်းမှာ ပြန်လည်ရွေးချယ်သင့်ပြီး သူ့ရဲ့လက်ရှိစွမ်းဆောင်ရည်ဟာ အများစုထင်မှတ် မထားတဲ့ အခြေအနေဖြစ်ကြောင်း ပရိသတ်တယောက်က တွစ်တာမှာရေးပါတယ်။
တခြားပရိသတ်တွေကလည်း ဝဲလ်ဘက်ကို ပြန်လည်ရွေးချယ်သင့်ကြောင်း မှတ်ချက်ပေးခဲ့ကြတာပါ။
မန်ယူနဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း ဝဲလ်ဘက်ဟာ အင်္ဂလန်အတွက် ၄၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်နောက်ပိုင်း လက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်းမခံရတော့တာ ၆ နှစ်ကြာနေပြီဖြစ်ပါ တယ်။