ဂျပန်နိုင်ငံက တီထွင်ထားတဲ့ ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တုကို အာကာသထဲ လွှတ်တင်ခဲ့ပါတယ်။
ဒီသစ်သားဂြိုဟ်တုကို နာဆာရဲ့ ကန်နီဒေးအာကာသစင်တာက နိုဝင်ဘာ ၄ ရက်မှာ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
သစ်သားနဲ့လုပ်ထားတဲ့ ဂြိုဟ်တုကို လနဲ့ မားစ်ဂြိုဟ်တို့ လေ့လာရေးမှာ စမ်းသပ် အသုံးပြုခဲ့ဖူးပါတယ်။
ကျိုတိုတက္ကသိုလ်နဲ့ အိမ်တည်ဆောက်သူ ဆူမီတိုမိုဖော်ရက်တီတို့ ဖန်တီးထားတဲ့ လစ်နိုဆတ်ဟာ SpaceX မစ်ရှင်မှာ ပါဝင်ပြီး နိုင်ငံတကာအာကာသစခန်းကို ပျံသန်းမှာ ဖြစ်ပါတယ်။
သစ်သားဂြိုဟ်တုဟာ ကမ္ဘာကနေ မိုင် ၂၅၀ အကွာ အာကာသလမ်းကြောင်းထဲမှာ လည်ပတ်မှာ ဖြစ်ပါတယ်။
လစ်နိုဆတ်ဂြိုဟ်တုဟာ အာကာသပတ်လမ်းထဲမှာ ၆ လကြာ နေမှာဖြစ်ပြီး အာကာသထဲမှာ သစ်သားတွေအနေနဲ့ မပျက်မစီးဘဲ ဘယ်လိုနေနိုင်သလဲဆိုတာ စမ်းသပ်မှာ ဖြစ်ပါတယ်။
ဂြိုဟ်ပတ်လမ်းထဲမှာ လစ်နိုဆတ်ဂြိုဟ်တုဟာ အမှောင်ထဲကနေ နေရောင်ရဖို့ ၄၅ မိနစ်တိုင်းမှာ အပူချိန် ၁၀၀ ဒီဂရီဆဲစီးယပ်စ်အထိ ရှိပါတယ်။
ကျိုတိုတက္ကသိုလ်က ပါမောက္ခ တာကာအိုဒိုက “လက်ရှိအချိန်ထိ အာကာသထဲမှာ သစ်သားအသုံးပြုဖို့ ဘယ်နိုင်ငံကမှ အစီအစဉ်မရှိပါဘူး။ အာကာသထဲမှာ သစ်သား အသုံးပြုတာက လူတွေအတွက် အာကာသထဲမှာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တာရှည်ခံတဲ့ အသုံးအဆောင်ပစ္စည်းတွေ အသုံးပြုဖို့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒီလိုစမ်းသပ်မှုတွေ ပြုလုပ်တယ်ဆိုတာ ကမ္ဘာကို ကျနော်သိစေချင်ပါတယ်” လို့ ပြောပါတယ်။
တာကာအိုဒိုဟာ လပေါ်နဲ့ မားစ်ဂြိုဟ်ပေါ်မှာ သစ်သားအိမ်ဆောက်မှု၊ သစ်ပင်စိုက်ပျိုးမှုတို့ကို နှစ် ၅၀ အစီအစဉ်နဲ့ ဆောင်ရွက်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
အာကာသထဲမှာ သတ္တုနဲ့ပြုလုပ်ထားတဲ့ ဂြိုဟ်တုတွေနေရာမှာ သစ်သားဂြိုဟ်တုတွေကို နာဆာက အသိအမှတ်ပြုပြီး စတင်အသုံးပြုဖို့ တာကာအိုဒိုတို့အဖွဲ့က ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
Source : Reuters