Home
နိုင်ငံတကာ
ဒေါင်လိုက် ပျံတက်ပျံဆင်းနိုင်သည့် လေယာဉ်တက္ကစီ ဂျပန်တွင် စမ်းသပ်
DVB
·
November 3, 2024
Photo: REUTERS/Andrew Kelly

Joby Aviation ရဲ့  လျှပ်စစ်စွမ်းအင်သုံး ဒေါင်လိုက်ပျံတက်ပျံဆင်းနိုင်တဲ့ eVTOL လေယာဉ်တက္ကစီကို  နိုဝင်ဘာ ၂ ရက်နေ့က ပထမဆုံးအကြိမ် စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။ 

လေယာဉ်လို့ အလွယ်ပြောပေမဲ့ eVOTL ဟာ ဟယ်လီကော်ပတာနဲ့ ဒရုန်းကို ပေါင်းစပ်ထားတဲ့ ပုံစံဖြစ်ပါတယ်။ 

ကာဗွန်လုံးဝမထွက်တဲ့ခရီးစဉ်တွေ ပြေးဆွဲနိုင်ဖို့ရည်ရွယ်ထားတဲ့ Joby Aviation ကို တိုယိုတာ မော်တာကော်ပိုရေးရှင်းက အဓိက ကျောထောက်နောက်ခံပေးထားတာ ဖြစ်ပါတယ်။ 

တိုယိုတာဟာ Joby မှာ နောက်ထက် ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ပြီးခဲ့တဲ့လက ကြေညာထားပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၉၄ သန်းအထိ ရှိလာပြီဖြစ်ပါတယ်။ 

Joby Aviation ဟာ လေယာဉ်တက္ကစီတွေကို နောင်နှစ် အိုဆာကာမှာ ကျင်းပမယ့် Expo 2025 မှာ စတင်ပြေးဆွဲဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013