Home
မြန်မာသတင်း
ကန်ကျနပူရီ နှင့် မယ်ဟောင်ဆောင်တွင် တရားမဝင်မြန်မာများ ဖမ်းဆီးခံရ
DVB
·
November 5, 2024

ထိုင်းနိုင်ငံ၊ ကန်ကျနပူရီခရိုင်နဲ့ မယ်ဟောင်ဆောင်ခရိုင်တွေထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၆ ယောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ် ရဲတပ်ဖွဲ့၊ စစ်တပ်၊ အုပ်ချုပ်ရေးနဲ့  နယ်ခြားစောင့်တပ်က တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဆန်ခလပူရီမြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၃ ယောက်ကို ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီဒေသတွင်း သတင်းက  နိုဝင်ဘာ ၅ ရက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် သူတို့ကို ခေါ်ဆောင်လာတဲ့ လမ်းပြတယောက်ကိုပါ ဖမ်းဆီးထားပြီး နိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်သူများအား အပြစ်မှကင်းလွတ်ရန် အကာအကွယ်ပေးမှုနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စရီးယန်းမြို့နယ်၊ မဲ့ခုန်းအုပ်စု နောင်တဟိတ်ဒဲန်ရွာ အနီးမှာလည်း အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီခွဲလောက်က တရားမဝင် မြန်မာနိုင်ငံသား ၃ ယောက် အဖမ်းခံရတယ်လို့ ကျိုးချိုထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး အခက်အခဲတွေကြောင့် ပြည်သူအမြောက်အမြား ပြည်ပထွက်ပြီး လုပ်ကိုင်စားသောက်နေတာမှာ ခုလို ဖမ်းဆီးခံရတာတွေလည်း နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတာပါ။

Source: ကန်ကျနပူရီသတင်း / ဂျိုးချိုထိုင်းသတင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013