Home
မြန်မာသတင်း
ထိုင်း ကျောက်မျက်ရတနာစက်ရုံက အလုပ်သမား ၂,၀၀၀ ကျော် လျှော့ချမည်
DVB
·
November 1, 2024
Photo-tnews

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်၊ ဘန်ပူမြို့နယ်ရှိ ကျောက်မျက်ရတနာစက်ရုံ တရုံဟာ လာမယ့်နှစ်ဆန်းကစပြီး အလုပ်သမားဦး‌ရေ ၂,၀၀၀ လျှော့ချမယ်လို့ TNEWS ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အလုပ်သမားတွေ (အထူးသဖြင့် လူသစ်တွေ) ကို ဒီနှစ်ကုန်ထိပဲ ငှားရမ်းခန့်ထားတော့မယ်လို့ စက်ရုံက အကြောင်းကြားထားတာကြောင့် အလုပ်သမားတွေက ဝမ်းနည်းနေကြတယ်လို့ ဆိုပါတယ်။

ဘန်ပူဒို့ရွာလို့ အမည်ပေးထားတဲ့ လူမှုကွန်ရက်မှာ အဲဒီအကြောင်း ဝေမျှထားပြီး ကွန်မင့်မှာ အလုပ်သမားတွေက ဒီအလုပ်ကို နှမျောမိတယ်၊ နှစ်ကုန်ရင် ဘောနတ်စ်ကို မျှော်လင့်ကာမှ အလုပ်ဖြုတ်တာ ခံရတယ်၊ နှစ်သစ်မှာ အလုပ်သစ်နဲ့ ဘဝသစ် ပြန်စကြတာပေါ့ စသဖြင့် ရေးသားထားကြပါတယ်။

စက်ရုံအလုပ်ရုံတခုမှာ အရှုံးပေါ်ရင် အခုလို အလုပ်သမားလျှော့ချတာတွေ ရှိပေမဲ့ လူ ၂,၀၀၀ ဆိုတာ အလွန်များကြောင်း၊ လာမယ့်နှစ် ထိုင်းမှာ စီးပွားရေးစိမ်ခေါ်မှုတွေ ရှိနေမှာလားလို့လည်း ခန့်မှန်းပြောဆိုနေကြပါတယ်။

စမွတ်ပရကန်ခရိုင်ထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေလည်း သောင်းနဲ့ချီ ဝင်ရောက် လုပ်ကိုင်နေတယ်လို့ အလုပ်သမားအဖွဲ့တွေက ပြောပါတယ်။

source-tnews

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024