ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ခေါင်ခေးယို တိရစ္ဆာန်ရုံရဲ့ နာမည်ကျော် ရေမြင်းပေါက်စလေး မူဒန်းင်က နိုဝင်ဘာ ၅ ရက်မှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက ဒေါ်နယ်ထရမ့်ပ် အနိုင်ရမယ် ဆိုပြီး နိုဝင်ဘာ ၄ ရက်မှာ ခန့်မှန်းခဲ့ပါတယ်။
အမေရိကန်သမ္မတလောင်း ၂ ယောက်ရဲ့ နာမည်တွေဖြစ်တဲ့ ဒေါ်နယ်ထရမ့်ပ်နဲ့ သူ့ရဲ့ ဒီမိုကရက်တစ်ပြိုင်ဘက် ကမ်မလာ ဟားရစ် တို့ရဲ့ နာမည်တွေ ရေးထိုးထားတဲ့ သစ်သီးခြင်းတောင်း ၂ တောင်းကို ရေမြင်းလေးကို ချကျွေးကြည့်တာပါ။
ခြင်းတောင်းတွေထဲမှာ နဂါးမောက်သီးတွေနဲ့ ဖရဲသီးတွေလို အသီးအနှံတွေ အပြည့်ထည့်ထားပါတယ်။
“နဂါးမောက်သီးအပိုင်းက ပိုကြီးတာကြောင့် မူဒန်းင်ဟာ ထရမ့်ပ်ကို ရွေးချယ်လိုက်ပြီ” ဆိုပြီး ခေါင်ခေးယို တိရစ္ဆာန်ရုံက ဆိုရှယ်မီဒီယာပလက်ဖောင်း X မှာ ရေးသားခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ ခေါင်ခေးယို သဘာဝတိရစ္ဆာန်ရုံမှာ ဇူလိုင်လက မွေးဖွားခဲ့တဲ့ ဘေဘီ ပစ်ဂမီ ဟစ်ပို ရေမြင်းပု ပေါက်စလေး မူဒန်းင်ဟာ သူ့ရဲ့ ချစ်စဖွယ်အပြုအမူတွေကြောင့် ကမ္ဘာတဝန်းက သန်းနဲ့ချီတဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပြီးတော့ ဆိုရှယ်မီဒီယာမှာ ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။
Source : Reuters