စစ်တမ်းကောက်ယူချက်တွေအရ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် မြို့တော် ဝါရှင်တန်ဒီစီတဝန်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပြင်းအထန် သတိရှိနေကြပါတယ်။
ရွေးကောက်ပွဲမတိုင်မီ ၂ ရက်အလိုမှာ အလုပ်သမားတွေက အိမ်ဖြူတော်နဲ့ ဒုသမ္မတရဲ့ တရားဝင်နေအိမ်အပြင်ဘက်မှာ လုံခြုံရေးအစီအမံတွေ ထပ်ချထားတာကို တွေ့ရပါတယ်။
ခြံစည်းရိုးနဲ့ အကာအရံတွေ ပါရှိပြီးသား အိမ်ဖြူတော် အပြင်ဘက်မှာ အလုပ်သမားတွေက ပိုမိုကျယ်ဝန်းပြီး အလုံပိတ်ထားတဲ့ ပတ်ဝန်းကျင်တခု ဖန်တီးရေး ခြံစည်းရိုးကာဖို့ ထပ်လုပ်ခဲ့ကြပါတယ်။ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့တွေက အဆောက်အအုံကို စောင့်ကြပ်နေကြပါတယ်။
ခရီးသွားတွေက ဓာတ်ပုံရိုက်ဖို့ ဝါရှင်တန်ဒီစီမှာ ရှိနေကြပြီး ရွေးကောက်ပွဲအတွက် စိတ်လှုပ်ရှားမှုကို ခံစားကြရတယ်လို့ ပြောပါတယ်။
၃ မိုင်နီးပါး အကွာမှာ အလုပ်သမားတွေက ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟားရစ် နေထိုင်ရာ တရားဝင်နေအိမ်ဖြစ်တဲ့ ဒုတိယသမ္မတအိမ်တော်၊ အမေရိကန်ရေတပ်ရဲ့ နက္ခတ်တာရာနဲ့ မိုးလေဝသကြည့်ရာ အဆောက်အဦ အပြင်ဘက်မှာ စည်းရိုးတွေ တပ်ဆင်နေကြပါတယ်။
အခုရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး မိန့်ခွန်းတချို့မှာ ကြမ်းတမ်းတဲ့ စကားလုံးတွေ ပါရှိပြီး နိုင်ငံတဝန်း တရားရုံးတွေမှာ ရွေးကောက်ပွဲအကြို တရားစွဲဆိုမှုတွေက လွှမ်းမိုးထားပါတယ်။
Source : Reuters