Home
နိုင်ငံတကာ
ချက်နိုင်ငံတွင် ဧရာမရှေ့ဘီးကြီး ရှေးဟောင်းစက်ဘီးနင်းပွဲ ကျင်းပ
DVB
·
November 3, 2024
Photo: REUTERS/David W Cerny

ချက်နိုင်ငံ၊ ပရက်ဂ်မြို့က ရှေးဟောင်းစက်ဘီးနင်းပွဲမှာ Penny-farthing လို့ခေါ်တဲ့ ဧရာမရှေ့ဘီးကြီးပါဝင်တဲ့ ရှေးဟောင်းစက်ဘီးတွေ စုပေါင်းစီးနင်းခဲ့ကြပါတယ်။ 

သမိုင်းဝင်ဝတ်စုံတွေဝတ်ပြီး တေးဂီတသံနဲ့ စည်းချက်ကိုက် စုဖွဲ့ပုံဖော်စီးနင်းခဲ့ကြပြီး အမြန်နှုန်းနဲ့ ဟန်ချက်ညီမှုကို စမ်းသပ်တဲ့ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ 

ချက် ဘီးတပ်ယာဉ်အသင်းက ဒီပွဲကို ကြီးမှူးကျင်းပတာဖြစ်ပြီး ချက်သမ္မနိုင်ငံမှာ ပထမဆုံး စက်ဘီးစီးနင်းမှုဟာ ၁၈၆၈ ခုနှစ်ကတည်းကရှိခဲ့တယ်လို့ အဲဒီအသင်းရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

ဧရာမရှေ့ဘီးကြီးနဲ့ သေးငယ်နဲ့ နောက်ဘီးပုံစံကြောင့် ထင်ရှားတဲ့ Penny-farthing ခေါ်တဲ့ စက်ဘီးအမျိုးအစားကို ၁၈၇၀ ပြည့်နှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး ၁၈၈၀ ပြည့်နှစ်တွေအထိ လူကြိုက်များခဲ့ပါတယ်။ 

နောက်ပိုင်းမှာတော့ ရှေ့ဘီးနောက်ဘီး အရွယ်တူ၊ ချိန်းကြိုးတပ်စက်ဘီးတွေက  Penny-farthing စက်ဘီးတွေနေရာ တဖြည်းဖြည်း အစားဝင်သွားခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013