တရုတ်နဲ့ စလိုဗက်ကီးယားတို့ဟာ ကုန်သွယ်မှုန်နဲ့ ရင်းနှီးမြှုပ်နှံမှုတို့ တိုးမြှင့်လုပ်ဆောင်မယ်လို့ နိုဝင်ဘာလ ၁ ရက်က ကြေညာခဲ့ပါတယ်။
စလိုဗက်ကီးယားဝန်ကြီးချုပ်ရောဘတ်ဖီကိုရဲ့ ပေကျင်း အလည်အပတ်ခရီးစဉ်မှာ ၂ နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။
ဒါဟာ ဥရောပက တရုတ်နိုင်ရဲ့ ကုန်သွယ်မှုအပေါ် အခွန်စည်းကျပ်မှုတွေ တင်းကျပ်နေတဲ့ အချိန် စလိုဗက်ကီးယားနဲ့ သဘောတူညီမှုရခဲ့တာလည်း ဖြစ်ပါတယ်။
တရုတ်သမ္မတရှီကျင်ဖျင်က စလိုဗက်ကီးယားမှာ စီမံကိန်းတွေကို တိုးမြှင့်ဆောင်ရွက်မယ်လို့ ပြောဆိုထားသလို စလိုဗက်ကီးယား စီးပွားရေးလုပ်ငန်းတွေလည်း တရုတ်ဈေးကွက်မှာ စမ်းသပ် လုပ်ဆောင်ဖို့ ဖိတ်ခေါ်ခဲ့တာ တွေ့ရပါ တယ်။
တရုတ်နိုင်ငံဟာ စလိုဗက်ကီးယားနဲ့အတူ စွမ်းအင်သစ်၊ ထောက်ပံ့သယ်ယူပို့ဆောင်ရေးအပါ အဝင် အခြေခံအဆောက်အဦးဆောက်လုပ်မှုတွေမှာ တိုးမြှင့် ပူးပေါင်းသွားမယ်လို့ ဆင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှာ ပတ်ဝန်းကျင် စိမ်းလန်းရေးကဏ္ဍလည်းပါဝင်တာ တွေ့ရပါတယ်။
စလိုဗက်ကီးယားဟာ ဝန်ကြီးချုပ်ဖီကို လက်ထက်မှာ ဥရောပအဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ တခြားနိုင်ငံနဲ့ ၂ နိုင်ငံပူးပေါင်းဆောင်ရွက်မှုနဲ့ စီးပွားရေးပူးပေါင်လုပ်ဆောင်မှုကို ဆောင်ရွက်ဖို့ ဆန္ဒရှိ နေတာ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂဟာ တရုတ်နိုင်ငံက တင်သွင်းတဲ့ EV ကားတွေကို အခွန် ၃၅ ဒသမ ၅ ရာခိုင်နှုန်း ကောက်ခံဖို့ ပြင်ဆင်နေသလို အမေရိကန်နိုင်ငံကလည်း တရုတ်နိုင်ငံက တင်သွင်းမှုတွေကို အခွန်တင်း ကျပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာ တရုတ်နိုင်ငံ ဥရောပကို တင်ပို့မှုတန်ဖို့ ယူရို ၆၂၆ ဘီလီယံရှိပြီး ဥရောပက တရုတ်ကို ကုန်တင်ိပု့မှု တန်ဖိုး ယူရို ဘီလီယံ ၂၃၀ ရှိခဲ့ပါတယ်။
Source:Reuters