Home
နိုင်ငံတကာ
သူလျှိုသံသယဖြင့် တောင်ကိုရီးယား အမျိုးသား ၁ ဦးကို တရုတ် ဖမ်းဆီး
DVB
·
October 30, 2024
Photo - Reuters

သူလျှိုဆန့်ကျင်ရေးဥပဒေကို ချိုးဖောက်တဲ့ သံသယနဲ့ တောင်ကိုရီးယား အမျိုးသားတယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အောက်တိုဘာ ၂၉ ရက်မှာ တရုတ်က အတည်ပြုခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက သတင်းထောက်တွေကို ပြောခဲ့တာပါ။

သူတို့ဟာ တောင်ကိုရီးယားသံရုံးကို ဆက်သွယ်ခဲ့ပြီး သံရုံးက ကောင်စစ်ဝန် အရာရှိတွေကို သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ ကူညီဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံ တောင်ကိုရီးယားနိုင်ငံသားကို ပြန်လွှတ်ပေးရေးနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရက တရုတ်ပြည်မကြီး အစိုးရဆီ ဆက်သွယ်ခဲ့ခြင်း ရှိ၊ မရှိ အတည်ပြုဖို့ ကြိုးပမ်းတဲ့ ကိုရီးယားအသံလွှင့်ဌာန (KBS) က မေးခွန်းထုတ်ခဲ့လို့ ခုလို တုံ့ပြန်ဖြေကြားခဲ့တာပါ။

မီဒီယာတွေရဲ့ ဖော်ပြချက်အရ အသက် ၅၀ အရွယ် ကိုရီးယားအမျိုးသားဟာ အန်းဟွေပြည်နယ်၊ ဟော့ဖေးမြို့မှာနေပြီး တရုတ်နိုင်ငံမှာ ၂၀၁၆ ခုနှစ်ကတည်းက အလုပ်လုပ်နေခဲ့ပါတယ်။

KBS သတင်းဌာနရဲ့ မေးမြန်းချက်အရ သူ အဖမ်းခံရချိန်က Semi-conductor လုပ်ငန်းမှာ အလုပ်လုပ်နေသူလို့ သိရပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013