TikTok တည်ထောင်တဲ့ တရုတ်အင်တာနက်ကုမ္ပဏီ ဘိုင်ဒန့်ပိုင်ရှင် ကျန်းယီမင်ဟာ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာပါတယ်။
အင်္ဂါနေ့ကထုတ်ပြန်ခဲ့တဲ့ နှစ်အလိုက်အချမ်းသာဆုံးစာရင်းမှာ ကျန်းယီမင်က ဒေါ်လာ ၄၉ ဒသမ ၃ ဘီလီယံနဲ့ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးဖြစ်လာတာပါ။
ဒါဟာ ဟူရမ်က ထုတ်ပြန်တဲ့ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းမှာ ဂျောင်ယီမင်က ၁၈ ယောက်မြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။
တရုတ်နိုင်ံငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ထိပ်ဆုံးမှာရပ်တည်ခဲ့တဲ့ အဖျော်ရည်မကာနဲ့၊ ဆေးဝါးလုပ်ငန်းပိုင်ရှင် ကျောင်းရှန်ရှန်ဟာ ပိုင်ဆိုင်မှု ၂၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဒေါ်လာ ၄၇ ဒသမ ၉ ဘီလီယံရှိတာကြောင့် ဒုတိယနေရာကို ရောက်ရှိခဲ့ပါတယ်။
ဘိုင်ဒန့်ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်က တကမ္ဘာလုံး ဝင်ငွေ ဒေါ်လာဘီလီယံ ၁၁၀ အထိ ရှိပြီး ၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့တာကြောင့် တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာတယ်လို့ ဟူရမ်က ဖော်ပြပါတယ်။
ဟူရမ်ရဲ့ အချမ်းသာဆုံးစာရင်း တတိယနေရာမှာ လူသိနည်းတဲ့ တန်စန့်ကုမ္ပဏီပိုင်ရှင် ပိုနီမာက ရပ်တည်နေပါတယ်။
လူသုံးကုန် လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ မိုင်ဒီယာပိုင်ရှင်က အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အလီဘာဘာ သူဌေးဂျက်မားကတော့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာ တွေ့ရပါတယ်။
၂၀၂၄ ခုနှစ်ရဲ့ တရုတ်ဘီလီယံနာစာရင်းဟာ ၂၀၂၁ ခုနှစ်ကထက်စာရင် ကျဆင်းခဲ့လာတာ တွေ့ရပါတယ်။
တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ စတော့ဈေးကွက်က ဒီနှစ်ဟာ ခက်ခဲတဲ့နှစ်တနှစ် ဖြစ်ကြောင်း ဟူရမ်က သတင်းထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံရဲ့ နာမည်ကျော် ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီ ရှောင်မီတည်ထောင်သူ လိုင်ဂျန်ဟာ ဒီနှစ်မှာ ၅ ဘီလီယံ ဝင်ငွေတိုးပွားခဲ့ပြီး လျှပ်စစ်ပစ္စည်းဆိုင်ရာ ကုမ္ပဏီများ ဝင်ငွေတိုးတက်ခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေကတော့ ဝင်ငွေကျဆင်းခဲ့တာ တွေ့ရပါတယ်။
Source-Reuters