ပွဲကစားနိုင်သူ ၁၃ ယောက်ပဲရှိတော့လို့ ဒုက္ခရောက်နေကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ညည်းတွား ပြောဆိုသွားပါတယ်။
မန်စီးတီးအသင်းမှာ ပထမအသင်းက ကစားသမား ၆ ယောက် ဒဏ်ရာရရှိနေချိန်မှာ နောက်ခံလူ အကန်ဂျီနဲ့ တောင်ပံတိုက်စစ်ကစားသား ဆာဗင်ဟို တို့ပါ ဒဏ်ရာထပ်ရသွားခဲ့တာပါ။
လက်ရှိအခြေအနေမှာ ပွဲကစားနိုင်တဲ့ ကစားသမား ၁၃ ယောက်သာ ရှိနေတာက ဒုက္ခရောက်စေပြီး အမှန်တကယ် ခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
ပြီးခဲ့တဲ့ ၉ နှစ်လောက်အတွင်းမှာ လက်ရှိအခြေအနေလောက် ဒဏ်ရာပြဿနာ မရှိဘူးကြောင်းလည်း နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးမှာ ရိုဒရီက တရာသီလုံး အနားယူရမှာဖြစ်သလို ဒီဘရိုင်း၊ ဝေါ်ကာ၊ ဂရေးလစ်ရှ်၊ ဒိုကူ၊ ဂဗာဒီယိုနဲ့ အော်စကာဘော့တို့လည်း ဒဏ်ရာအသီးသီး ရရှိနေကြတာ ဖြစ်ပါတယ်။
Photo:Reuters