တရုတ်လေယာဉ်တင်သင်္ဘော လျောင်နင်းနဲ့ ရှန်တုံးတို့ဟာ တောင်တရုတ်ပင်လယ်မှာ ပထမဆုံးအကြိမ်အဖြစ် လေယာဉ်တင်သင်္ဘော ၂ စင်းတွဲပြီး အုပ်ဖွဲ့ လေ့ကျင့်ခဲ့ကြတယ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်က ပြောပါတယ်။
လေယာဉ်တင်သင်္ဘောတွေ အုပ်ဖွဲ့ ပေါင်းစပ်တိုက်ခိုက်ရေး စွမ်းရည်ကို မြှင့်တင်ဖို့ ရည်ရွယ်တဲ့ ဒီလေ့ကျင့်ခန်းဟာ မကြာသေးမီက ပြီးဆုံးခဲ့တဲ့ ကမ်းဝေးပင်လယ်ပြင်က ပုံမှန် တိုက်ခိုက်ရေး လေ့ကျင့်မှုရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
ဒီလေ့ကျင့်မှုကို ပင်လယ်ဝါ၊ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ် အပါအဝင် ရေပိုင်နက်တွေမှာ လုပ်ခဲ့ပြီး လက်တွေ့တိုက်ပွဲ အခြေအနေတွေမှာ ဘာသာရပ်ပေါင်းများစွာ ပါဝင်တယ်လို့ တရုတ်ရေတပ်က ပြောပါတယ်။
လေ့ကျင့်မှုအတွင်း သတ်မှတ်ထားတဲ့ ပင်လယ်ဧရိယာဆီ ရောက်လာပြီးတဲ့နောက် J-15 တိုက်လေယာဉ်အများအပြားဟာ လျောင်နင်း လေယာဉ်တင်သင်္ဘောရဲ့ ပျံသန်းမှု ကုန်းပတ်ကနေ ပျံတက်လာပြီး လက်တွေ့ကျတဲ့ လေ့ကျင့်ခန်းတွေလုပ်ဖို့ သတ်မှတ်ထားတဲ့ လေပိုင်နက်ဆီ ပျံသန်းခဲ့ကြပါတယ်။
လျောင်နင်း လေယာဉ်တင်သင်္ဘောဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘော ဖြစ်ပြီး စက်တင်ဘာလ ၂၀၂၁ ခုနှစ်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ ရေတပ်ဆီ ပို့ဆောင် တာဝန်ပေးအပ်ထားပါတယ်။
Source:Reuters