Home
မြန်မာသတင်း
ကျွန်းစုတွင် အုပ်ချုပ်ရေးမှူးနှင့် ရွာခံ ၁ ဦးကို လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးသတ်ဖြတ်
DVB
·
October 31, 2024

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ကျောက်ပိတ်ရွာ နာရေးကိုလာတဲ့ အုပ်ချုပ်ရေးမှူး တယောက်နဲ့ တခြားရွာခံတယောက်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က အောက်တိုဘာ ၂၆ ရက်မှာ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ကုန်းရွာက အုပ်ချုပ်ရေးမှူး ဦးအောင်ဇော် (၅၀ နှစ်) နဲ့ ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိုရွာက ကိုကြောင်ခေါင်းတို့ အသတ်ခံရတာဖြစ်ပြီး သူဟာ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကျောက်ကုန်းရွာခံတယောက်က “ဖိနပ်လှေ(ဒေသအခေါ်) နဲ့ လူ ၄ ယောက် နာရေးကို ရောက်လာပြီး အုပ်ချုပ်ရေးမှူးကို တံတားခေါင်းမှာ ပစ်သတ်ခဲ့တယ်။ ကြောင်ခေါင်းကိုတော့ ပင်လယ်ထဲမှာ ပစ်သတ်ခဲ့တယ်။ ၂၉ ရက်မှာ အလောင်းပြန်ရတယ်” လို့ ပြောပါတယ်။

အသတ်ခံရသူ ကျောက်ကုန်းအုပ်ချုပ်ရေးမှူးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က သတိပေးတာ အကြိမ်ကြိမ်ရှိနေပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ဖြစ်စဥ်မှာ မှန်ကန်ကြောင်းနဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့အစည်းကိုတော့ စုံစမ်းနေတယ်လို့ ကျွန်းစုပကဖ တာဝန်ခံ ကိုနဂါးက ပြောပါတယ်။

ကျွန်းစုနဲ့ ဘုတ်ပြင်းမြို့နယ်ကြားက ကျေးရွာတချို့မှာ မူးယစ်ဆေးဝါး အမြစ်ဖြတ်ဖို့၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ဆိုတဲ့ စာသားတွေ အပါအဝင် ဒေါင်းနက်တံဆိပ်နဲ့ သတိပေးစာတွေ ပေးပို့နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024