ဆူဒန်နိုင်ငံထဲက အမြန်ထောက်ပံ့ရေးတပ် (RSF) က အရပ်သားတွေအပေါ် တိုက်ခိုက်မှုကို ရှုတ်ချတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာ ကြေညာပါတယ်။
ဆူဒန်မှာ ရက်စက်ကြမ်းကြုတ်မှုတွေကို လှုံ့ဆော်ပေးတဲ့ တာဝန်ရှိသူတွေကို အမေရိကန်က အကျိုးဆက်တွေ ချမှတ်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူး မေလာက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတိပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆူဒန် အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) ဟာ ခါတွန်မြို့တောင်ဘက် ဆူဒန်နိုင်ငံ အယ်လ်ဂျာဇီရာပြည်နယ်ရဲ့ အရှေ့ဘက်ခြမ်းမှာ ရက်ရက်စက်စက် အကြီးအကျယ် တိုက်ခိုက်ခဲ့ပါတယ်။
သူတို့က ဒေသတွင်း ကျေးရွာအများအပြားကို တိုက်ခိုက်ခဲ့ပြီး အရပ်သားတွေကို ရည်ရွယ် တိုက်ခိုက်ခဲ့တာပါ။ RSF ရဲ့ ဓားစာခံ အများစုက ကလေးတွေနဲ့ အမျိုးသမီးတွေ ဖြစ်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလလယ်မှာ အရပ်သားအုပ်ချုပ်ရေးဆီ ကူးပြောင်းမယ့် အစီအစဉ် မတိုင်ခင်မှာ ဆူဒန်စစ်တပ်နဲ့ အရန်တပ် RSF တို့အကြား အာဏာလွန်ဆွဲပွဲကနေ ကမ္ဘာ့အကြီးဆုံး အိုးမဲ့အိမ်မဲ့ အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့ပါတယ်။
တိုက်ခိုက်မှုတွေကြောင့် ဆူဒန်နိုင်ငံသား ၂၅ သန်းကျော်ဟာ အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးတွေ လိုအပ်နေတာပါ။
ပဋိပက္ခ စတင်ကတည်းက လူ ၁၄ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ပြင်းထန်တဲ့ ငတ်မွတ်မှုနဲ့ အိုးမဲ့အိမ်မဲ့ အကျပ်အတည်းက ပိုဆိုးရွားလာခဲ့ပါတယ်။
Source-Reuters