Home
နိုင်ငံတကာ
အမေရိကန် ပြည်နယ် ၂ ခုတွင် မဲပုံးများ မီးလောင်
DVB
·
October 29, 2024
Photo - Evan Bell/ABC Affiliate KATU via REUTERS

အမေရိကန် အာဏာပိုင်တွေဟာ ၀ါရှင်တန်နဲ့ အော်ရီဂွန်ပြည်နယ်တို့မှာ မဲပုံးမီးရှို့မှု ဖြစ်စဉ်နှစ်ခုကို စုံစမ်းစစ်ဆေးခဲ့တယ်လို့ အောက်တိုဘာ ၂၈ ရက်မှာ အာဏာပိုင်တွေက ပြောပါတယ်။

တနင်္လာနေ့အစောပိုင်းက အော်ရီဂွန်ပြည်နယ် ပို့ထ်လန်းမြို့မှာ မဲပုံးတခုထဲကို မီးလောင်စေတတ်တဲ့ စက်တခုထည့်ခဲ့လို့ မီးလောင်ခဲ့တာလို့ မွန်းလွဲပိုင်းမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့က ပြောပါတယ်။

မဲပုံးထဲမှာ မီးငြှိမ်းသတ်တဲ့စနစ် ထည့်ထားလို့ မဲပျက်စီးမှု အနည်းဆုံးဖြစ်ခဲ့တယ်လို့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ပြောပါတယ်။ 

အိမ်နီးချင်း ဝါရှင်တန်ပြည်နယ်၊ ဗန်ကူးဗားမြို့က မဲပုံးတပုံးမှာလည်း အလားတူ မီးလောင်ခဲ့လို့ အရာရှိတွေက တုံ့ပြန်ဆောင်ရွက်ခဲ့ရပါတယ်။ ဒီမီးလောင်မှုမှာ မီးလောင်စေတတ်တဲ့ ကိရိယာကိုလည်း သံသယရှိခဲ့တယ်၊ ရာချီတဲ့ မဲတွေ ပျက်စီးခဲ့တယ်လို့ CNN သတင်းဌာနရဲ့ မိတ်ဖက် သတင်းဌာနခွဲ တခုက သတင်းထုတ်လွှင့်ပါတယ်။

ဖြစ်ရပ်နှစ်ခုက ဆက်စပ်နေတယ်လို့ ယူဆရတယ်လို့ ရဲက ပြောပါတယ်။ မဲပုံး မီးမလောင်ခင် အဲဒီမဲပုံးနဲ့အတူ ဗော်လ်ဗိုကားတစ်စီး တွဲလျက်ရှိနေတာကို လုံခြုံရေး ကင်မရာကနေ ရိုက်ကူးထားတဲ့ ရုပ်ပုံတပုံကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေက ခုချိန်ကနေ နိုဝင်ဘာ ၅ ရက်နေ့ကြား မဲပေးတာကို အနှောင့်အယှက်မဖြစ်စေဖို့ အိုရီဂွန်ပြည်နယ် မယ်လ်နိုမာမြို့နယ် ဥက္ကဋ္ဌ ဗေဂါ ပေဒါဆန်က ကတိပြုခဲ့ပါတယ်။

“ကျနော်တို့ရဲ့ ဒီမိုကရေစီက ခင်ဗျားအပေါ်မှာ မူတည်ပြီး ဒီလုပ်ငန်းစဉ်ကို လုံခြုံအောင် ထိန်းထားနိုင်ဖို့ ကျနော်တို့အပေါ်မှာ မူတည်ပါတယ်”လို့လည်း  ပေဒါဆန်က ပြောပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013