ဘယ်လ်ဂျီယံနိုင်ငံ၊ ကာစတာလီမြို့မှာ ကျင်းပတဲ့ ဧရာမရွှေဖရုံသီးလှေလှေပြိုင်ပွဲမှာ လူ ၃၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ဧရာမရွှေဖရုံသီးကြီးတွေကို ထွင်းပြီး လှေလုပ်ကာ ကန်ကြီးထဲမှာ ယှဉ်ပြိုင်ကြတဲ့ ပွဲဖြစ်ပါတယ်။
တလုံးကို ကီလို ၄၀၀ ကျော်ရှိတဲ့ ဧရာမရွှေဖရုံသီးကြီးတွေကို ဟင်းချိုချက်သောက်တာအပြင် တခြားနည်းသုံးဖို့ စဉ်းစားခဲ့ကြရာကနေ ၂၀၀၈ ကစလို့ ဒီပြိုင်ပွဲ ဖြစ်ပေါ်လာခဲ့တာပါ။
ပြိုင်ပွဲအတွက် ပြိုင်ဆိုင်ရင်းနဲ့ ဧရာမရွှေဖရုံသီးတွေ အများကြီးပိုနေတော့ ဘာလုပ်ရမှန်း မသိတာနဲ့ ဟောလိုးဝင်းကာလအတွက် တခုခုလုပ်ဖို့ စဉ်းစားကြရာကနေ အကောင်အထည် ပေါ်လာတာ ဖြစ်ပါတယ်။
ဒေသခံ ရွှေဖရုံသီးအသင်းနဲ့ ကာစတာလီ ကယက်လှေလှော်ကလပ်တို့က ဒီပွဲကို ပူးတွဲကျင်းပတာပါ။
ဖရုံသီးပြိုင်ပွဲပါ ကျင်းပတာဖြစ်ပြီး ဒီနှစ်မှာလည်း ဒီဒေသက ရွှေဖရုံသီးက ၁,၁၆၀ ကီလိုဂရမ် (ပေါင် ၂,၅၀၀ ကျော်) နဲ့ ဥရောပချန်ပီယံဘွဲ့ ရထားပါတယ်။
လှေထွင်းဖို့ကိုတော့ အနေတော်ဖြစ်တဲ့ ကီလို ၃၀၀ နဲ့ ၅၀၀ ကြား ရွှေဖရုံသီးတွေကို သုံးတယ်လို့ ဆိုပါတယ်။ အဝိုင်းကြီးဖြစ်နေတော့ ပုံမှန်ကယက်လှေလှော်ရတာထက်ကို ခက်ခဲပါတယ်။
အသီးတွေကို ထွင်းပြီးရင် အစေ့ကို နောင်နှစ်အတွက်သိမ်း၊ ထွင်းထားတဲ့ လှေတွေကို ပြိုင်ပြီးရင် ကွင်းထဲမှာ ပစ်ထားရင် မြေဩဇာလည်းရတယ်လို့ ဆိုပါတယ်။
Source-Reuters