Home
နိုင်ငံတကာ
ထိုင်ဝမ်ကို လက်နက်ရောင်းချရန် အမေရိကန် သဘောတူ 
DVB
·
October 26, 2024
Photo-Reuters

ထိုင်ဝမ်ကို ဒေါ်လာ ၂ ဘီလီယံဖိုး လက်နက်ရောင်းချဖို့ အမေရိကန်က သဘောတူခဲ့တယ်လို့ ပင်တဂွန်က အောက်တိုဘာ ၂၅ ရက်မှာ ပြောခဲ့ပါတယ်။ 

အဲဒီလက်နက်တွေထဲမှာ ယူကရိန်းမှာ စမ်းသပ်ထားတဲ့ ဒုံးခွင်းကာကွယ်ရေးစနစ်တွေလည်း ပထမဆုံးရောင်းချမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ထိုင်ဝမ်ဟာ တရုတ်နဲ့ သံတမန်ဆက်ဆံရေး မရှိတာကြောင့် ကာကွယ်ရေးအတွက် လက်နက် တပ်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ 

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့အပတ်က ထိုင်ဝမ်ကျွန်းပတ်လည်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြီး ဖိအားပေးခဲ့ပါတယ်။ 

ဒါဟာ မေလက သမ္မတဖြစ်လာတဲ့ လိုင်ချင်ဒါလက်ထက် တရုတ်နိုင်ငံရဲ့ ဒုတိယအကြိမ် စစ်ရေးပြမှု လည်း ဖြစ်ပါတယ်။ 

စစ်လက်နက်ပစ္စည်းဝယ်ယူမှုအနက် ဒေါ်လာ ၁ ဒသမ ၁၆ ဘီလီယံက ဒုံးစနစ်အတွက်ဖြစ်ပြီး ဒေါ်လာ ၈၂၈ သန်းကတော့ ရေဒါစနစ်အတွက် ဖြစ်တယ်လို့ ပင်တဂွန်က ဆိုပါတယ်။ 

ဒီလို စစ်လက်နက်ပစ္စည်းတွေ ရောင်းချခြင်းအားဖြင့် နိုင်ငံရေးတည်ငြိမ်မှု၊ စစ်ရေးချိန်ခွင်ညီမျှမှုနဲ့ ဒေသတွင်း စီးပွားရေးဖြစ်စစ်တွေကို ထိန်းသိမ်းနိုင်မှာဖြစ်တယ်လို့လည်း ပင်တဂွန်ရဲ့ ဖော်ပြချက်မှာ ပါရှိပါတယ်။ 

ဒုံးစနစ်မှာ အဆင့်မြင့်လေကြောင်းဒုံးစနစ်တွေပါဝင်သလို လေကြောင်းကာကွယ်ရေးအစနစ် တွေလည်း ပါဝင်ပါတယ်။ 

NASAMS စနစ်ဟာ ယူကရိန်းစစ်ပွဲမှာ စမ်းသပ်ခဲ့ဖူးပြီး ထိုင်ဝမ်ရဲ့ စစ်လက်နက်ဖြည့်တင်းမှုရဲ့ အဓိကစနစ် တခုပဲဖြစ်ပါတယ်။ 

NASAMS စနစ်ကို ဒေသတွင်းနိုင်ငံတွေအနက် ဩစတြေးလျနဲ့ အင်ဒိုနီးရှားနိုင်ငံတို့သာ ပိုင်ဆိုင်ထားတယ်လို့လည်း အမေရိကန်အစိုးရတာဝန်ရှိသူက  ရိုက်တာကို ပြောပါတယ်။

NASAMS စနစ်ဟာ တရုတ်နိုင်ငံရဲ့ မကြာခဏ လေကြောင်းစစ်ရေးလေ့ကျင့်မှုတွေကို ကာကွယ်နိုင်ဖို့ အထောက်အကူပြုကြောင်းနဲ့ NASAMS စနစ်ရဲ့ စွမ်းဆောင်ရည်က ယူကရိန်းမှာ သက်သေပြခဲ့ပြီး ဖြစ်ကြောင်း ထိုင်ဝမ်းကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။

တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုတွေကြောင့် ထိုင်ဝမ်နိုင်ငံကလည်း ကာကွယ်ရေးအတွက် အဆင်သင့်ဖြစ်ဖို့ M60A3 တင့်ကားတွေ အသုံးပြုပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။

ထိုင်ဝမ်နိုင်ငံဟာ ပန်ဟူကျွန်းမှာ ညဘက် ဒုံးကျည်ပစ်လွှတ်တဲ့ စစ်ရေးလေ့ကျင့်မှု ဆက်တိုက် ပြုလုပ်လျက်ရှိပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013