ထိုင်ဝမ်စစ်တပ်ဟာ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေမှုကို စမ်းသပ်ဖို့ အောက်တိုဘာ ၂၄ ရက်က ဖုန်းဟူကျွန်းတွေပေါ်မှာ တိုက်ပွဲဝင် တင့်ကားတွေနဲ့ ညအချိန် တိုက်ရိုက် ပစ်ခတ်လေ့ကျင့် ခဲ့ပါတယ်။
ထိုင်ဝမ်စစ်တပ်ဟာ အမေရိကန်လုပ် ဒုတိယမျိုးဆက် တိုက်ပွဲဝင်တင့်ကားဖြစ်တဲ့ M60A3 အဓိကတင့်ကားတွေကို အသုံးပြုပြီး ညကာလ ပင်လယ်ပြင် ချေမှုန်းတိုက်ခိုက်တာကို လေ့ကျင့်ခဲ့ပါတယ်။
ဖုန်းဟူကျွန်းဟာ ရေတပ်ရဲ့နေအိမ်ဖြစ်ပြီး ထိုင်ဝမ်ကျွန်းတဝိုက်မှာ စစ်ဆင်ရေး လာလုပ်နေတဲ့ တရုတ်စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေကို နောက်ယောင်ခံဖို့ ထိုင်ဝမ်လေတပ်က ဂျက်တိုက်လေယာဉ်တွေကို အမိန့်ပေး ညွှန်ကြားရာ အရေးပါတဲ့ လေတပ်စခန်းတခုလည်း ဖြစ်ပါတယ်။
ထိုင်ဝမ်စစ်ရေးလေ့ကျင့်မှုဟာ နှစ်စဉ်ပြုလုပ်နေကျ ချန်းချုံး လေ့ကျင့်ခန်းရဲ့ တစိတ်တပိုင်း ဖြစ်ပြီး ထိုင်ဝမ် ထိန်းချုပ်ထားတဲ့ မတ်ဆုကျွန်းတွေရဲ့ တောင်ဘက်ရှိ ဖူးကျန်းပြည်နယ်မှ နူးရှမ်းကျွန်းတဝိုက်မှာ တရုတ်က အခုသီတင်းပတ် အစောပိုင်းမှာ တိုက်ရိုက် ပစ်ခတ်လေ့ကျင့်ခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ သူ့ရဲ့ကိုယ်ပိုင်နယ်မြေအဖြစ် ပေကျင်းက ရှုမြင်ထားတဲ့ ထိုင်ဝမ်ကျွန်းတဝိုက်မှာ ခွဲထွက်ရေး လှုပ်ရှားမှုတွေကို သတိပေးတဲ့ အချက်ပြမှုအဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်က စစ်ရေးကစားပွဲ တရက်တာ ကျင်းပခဲ့ပါတယ်။
Source-Reuters