ရုရှားပါလီမန်အောက်လွှတ်တော်ဖြစ်တဲ့ နိုင်ငံတော် ဒူးမားဥပဒေပြုလွှတ်တော်ဟာ ရုရှားနဲ့ မြောက်ကိုရီးယားအကြား မိတ်ဖက်သဘောတူစာချုပ်ကို အတည်ပြုဖို့ အောက်တိုဘာ ၂၄ ရက်မှာ မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။
ရုရှားပါလီမန်အဖွဲ့ဝင်တွေဆီ စာချုပ်ကိုတင်ပြရင်း ဒီစာရွက်စာတမ်းမှာ ကာကွယ်ရေးနဲ့ ငြိမ်းချမ်းတဲ့ သဘောသဘာဝရှိပြီး အာရှ-ပစိဖိတ်ဒေသမှာ အနောက်တိုင်းနဲ့ အမေရိကန်တို့ရဲ့ စစ်ရေးတည်ဆောက်မှုကို တန်ပြန်ဖို့ကို အတည်ပြုခဲ့ကြောင်း ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ယူရီရူဒန်ကိုက အလေးပေး ပြောကြားခဲ့ပါတယ်။
“အမေရိကန်ပြည်ထောင်စုက ဦးဆောင်တဲ့ ပေါင်းစည်း-အနောက် အုပ်စုမှ ကမ္ဘာနဲ့ ဒေသဆိုင်ရာ ခြိမ်းခြောက်မှုတွေ တိုးမြင့်လုပ်ဆောင်နေတာကို တားဆီးဖို့ ရည်ရွယ်တယ်”လို့ ယူရီရူဒန်ကိုက ဆိုပါတယ်။
သူတို့ဟာ အာရှ-ပစိဖိတ်ဒေသမှာ စစ်ရေးနဲ့ နိုင်ငံရေးမဟာမိတ်တွေကို ကန့်သတ်ဖန်တီးခြင်း၊ သူတို့ရဲ့ စစ်ဘက်ဆိုင်ရာအင်အား တိုးမြှင့်ချထားခြင်း၊ နျူကလီးယားစွမ်းရည်ရှိတဲ့ ဗျူဟာတွေ အပါအဝင် သူတို့ရဲ့ ဗျူဟာမြောက် ထိုးစစ်ဆင်မှု စနစ်တွေ ဖြန့်ကျက်ချထားခြင်းတွေကို တစိုက်မတ်မတ် လုပ်ဆောင်နေတာလို့လည်း ဆိုပါတယ်။
ဒုနိုင်ငံခြားရေးဝန်ကြီး ရူဒန်ကိုနဲ့ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ ဗိုလိုဒင်တို့ ၂ ဦးစလုံးဟာ ယူကရိန်းမှာ ရုရှားရဲ့အထူးစစ်ဆင်ရေးကို ပံ့ပိုးတဲ့အတွက် မြောက်ကိုရီးယားကို ချီးကျူးခဲ့ပြီး ယူကရိန်းဒေသ အများအပြားကို ရုရှားနိုင်ငံအတွင်း ပေါင်းထည့်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
မြောက်ကိုရီးယားဟာ ပြုံယမ်းရဲ့ ရုရှားမဟာမိတ်နဲ့အတူ ယူကရိန်းတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ သူ့တပ်ဖွဲ့ဝင်တွေကို စေလွှတ်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေတဲ့ ထင်ကြေးတွေ ပျံ့နှံ့နေတဲ့ နောက်ကွယ်မှာ ဒူးမား လွှတ်တော်မှာ မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။
ကိုးရီးယားပါတီဟာ ယူကရိန်းမှ အထူးစစ်ရေးစစ်ဆင်ရေးမှာ ကြိုတင် အသိပေး စီစဉ်ထားတာမျိုး မရှိဘဲ ပံ့ပိုးပေးခဲ့တာဖြစ်ပြီးတော့ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတ နိုင်ငံဟာ အရှုပ်ထွေးဆုံး အခြေအနေတွေမှာ ရုရှားနိုင်ငံကို အမြဲတမ်း ပံ့ပိုးပေးပါတယ်လို့ ရုရှားပါလီမန်အောက်လွှတ်တော်ဥက္ကဋ္ဌ ဗိုလိုဒင်က ပြောပါတယ်။
ပြုံယမ်းဟာ ခရိုင်းမီးယားကို ဝင်ရောက်မှုအပြင် လူဟန့်စ်ခ်၊ ဒွန်နက်စ်ခ်၊ ခါဆွန်နဲ့ ဇာပိုရစ်ဇီယန် ဒေသတွေကို ရုရှားနိုင်ငံထဲ ပေါင်းထည့်ဖို့ ဆုံးဖြတ်ချက်တွေကို ပံ့ပိုးပေးကြောင်းလည်း ဆိုပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ဟာ ဇွန်လအတွင်းက ပူတင်ရဲ့ ပြုံယမ်းခရီးစဉ်အတွင်းမှာ အပြန်အလှန် ကာကွယ်ရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ ယူကရိန်းစစ်ပွဲ စတင်ချိန်ကတည်းက နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာခဲ့ပြီး ရုရှားကို မြောက်ကိုးရီးယားတပ်ဖွဲ့တွေကို အင်အား ပံ့ပိုးဖို့ ပြင်ဆင်နေကြောင်း တောင်ကိုးရီးယားနဲ့ ယူကရိန်းတို့က ပြောကြားခဲ့ကြပါတယ်။
Source-Reuters