Home
နိုင်ငံတကာ
မြောက်ကိုရီးယားမီးပုံးပျံက အမှိုက်များ တောင်ကိုရီးယားသမ္မတအိမ်တော်အတွင်း ပြုတ်ကျ
DVB
·
October 25, 2024
Photo-Reuters

တောင်ကိုရီးယား သမ္မတနန်းတော်တဝိုက်မှာ အောက်တိုဘာ ၂၄ ရက်က မြောက်ကိုရီးယား မီးပုံးပျံတွေကနေ အမှိုက်တွေ ပြုတ်ကျလာတာကို တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား သမ္မတလုံခြုံရေးတပ်ဖွဲ့က ပြောပါတယ်။

အဲဒီအမှိုက်တွေဟာ လုံခြုံ‌ရေးအန္တရာယ်၊ ညစ်ညမ်းမှုအန္တရာယ်တွေ မရှိဘူးလို့ လုံခြုံရေးတပ်ဖွဲ့က ပြောဆိုခဲ့ပြီး ပစ္စည်းရဲ့ အသေးစိတ်အချက်အလက်တွေကို မဖော်ပြခဲ့ပါဘူး။ 

ဒီဖြစ်ရပ်ဟာ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ ပိုလန်သမ္မတ အွန်ဒရေးဒူဒါကို ကြိုဆိုတဲ့ အခမ်းအနားမတိုင်ခင်လေးမှာပဲ တောင်ကိုရီးယား သမ္မတအိမ်ဝင်းထဲမှာ ဖြစ်ပွားခဲ့တာပါ။

ဝင်းခြံအတွင်းမှာ ပျံဝဲနေတဲ့ လက်ကမ်းစာစောင် တစောင်ကို လုံခြုံရေးအရာရှိတယောက်က ဖယ်ရှားနေတာကိုလည်း မြင်တွေ့ရပါတယ်။

တောင်ကိုရီးယားမြို့တော် ဆိုးလ်မှာ ကြာသပတေးနေ့က မီးပုံးပျံတွေကနေ သယ်ဆောင်လာတဲ့ မြောက်ကိုရီးယား ဝါဒဖြန့်ချိရေး လက်ကမ်းစာစောင်တွေ နေရာအနှံ့ ပြန့်ကျဲနေတာကို တွေ့ရှိရပြီး အဲဒီစာစောင်တွေမှာ ဆိုးလ်ရဲ့ သမ္မတနဲ့ သမ္မတကတော်တို့အပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတချို့လည်း ပါဝင်နေကြောင်း သိရပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013