အပူပိုင်းမုန်တိုင်း ထရာမီဟာ ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ လူဇုန်ကျွန်းရဲ့ အရှေ့မြောက်ဘက် ကုန်းတွင်းပိုင်းကို အောက်တိုဘာ ၂၄ ရက် အစောပိုင်းမှာ ဝင်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ် အေဂျင်စီတွေဟာ မိုးရွာသွန်းမှုနဲ့ ရေကြီးမှုတွေအတွက် အကာအကွယ်ရအောင် စာသင်ကျောင်းတွေနဲ့ အစိုးရရုံးတွေကို ၂ ရက်မြောက် မဖြစ်မနေ ပိတ်ခိုင်းခဲ့ပါတယ်။
ထရာမီမုန်တိုင်းဟာ အမြင့်ဆုံးလေပြင်းအား တနာရီကို ၉၅ ကီလိုမီတာနဲ့ လေတိုက်နှုန်း တနာရီကို ၁၆၀ ကီလိုမီတာအထိ ရှိပြီး တောင်တရုတ်ပင်လယ်ကို ဦးတည်ကာ အီဆာဘယ်လာပြည်နယ်ကို ဖြတ်ပြီး အနောက်ဘက်ကို ရွေ့လျားနေတယ်လို့ ပြည်နယ်မိုးလေဝသအေဂျင်စီက မနက် ၈ နာရီအချိန် မိုးလေဝသထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။
ခရစ္စတင်း မုန်တိုင်းလို့ ဒေသတွင်းမှာ သိကြတဲ့ မုန်တိုင်း ထရာမီဟာ ဖိလစ်ပိုင်နိုင်ငံဘက်ကို မြန်မြန်ဆန်ဆန် ရွေ့လျားဝင်ရောက်ခဲ့ပြီး မုန်တိုင်းကြောင့် နာဂမြို့လယ်မှ လူ ၁၂ ယောက် အပါအဝင် အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက အောက်တိုဘာ ၂၃ ရက်မှာ ပြောပါတယ်။
ရေကြီးရေလျှံမှုကြောင့် ၃ မီတာ (၁၀ ပေ) အထိ ရေတွေမြင့်တက်ခဲ့ပြီး အလယ်ပိုင်း ဘီကိုးလ် ဒေသရှိ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ သူတို့ရဲ့နေအိမ်တွေကနေ စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
Source-Reuters