အပူပိုင်းမုန်တိုင်း အော်စကာကြောင့် ကျူးဘားနိုင်ငံမျာ လူသေဆုံးမှု ၆ ယောက်အထိရှိလာပြီး စံချိန်တင် ရေကြီးမှုလည်း ဖြစ်နေကြောင်း ကျူးဘားသမ္မတ မီဂွယ်ဒိုင်ယာကာနယ်က ပြောပါတယ်။
အဆင့် ၁ ပြင်းအားရှိတဲ့ အော်စကာမုန်တိုင်းဟာ အောက်တိုဘာ ၂၁ ရက်က ဂွါတာနာမိုကို ဝင်ရောက်ခဲ့တာဖြစ်ပြီး သေဆုံးသူအရေအတွက် တိုးလာပါတယ်။
အော်စကာမုန်တိုင်းဟာ မိုးလေဝသ ခန့်မှန်းချက်တွေအရ အောက်တိုဘာ ၂၀ ရက်က စတင်အပြီး အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့ခဲ့ကာ ကုန်းတွင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အော်စကာမုန်တိုင်းကြောင့် ကျူးဘား အရှေ့ပိုင်းနဲ့ ဂွါတာနာမို ဒေသတွေမှာ အပျက်အစီး များခဲ့တယ်လို့ ဖော်ပြပါတယ်။
မုန်တိုင်းကြောင့် ဆန်အန်တိုနီယိုနဲ့ ဂွါတာနာမို တောင်ပိုင်းကမ်းခြေမှာ စံချိန်တင်ရေကြီးမှုတွေ ဖြစ်နေတယ်လို့ ဒိုင်ယာကာနယ်က ပြောပါတယ်။
မုန်တိုင်းကြောင့် ကာရေဘီယံကျွန်းမှာ အပျက်အစီး ရှင်းလင်းမှုတွေ လုပ်ဆောင်နေရပါတယ်။ ဒီဒေသမှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေ၊ လောင်စာဆီ ပြတ်တောက်မှုတွေ၊ ဆေးဝါးရှားပါးမှုနဲ့ အစားအသောက် မလုံလောက်မှုတွေ အစောပိုင်းကတည်းက ရင်ဆိုင်နေရပါတယ်။
အပူပိုင်းမုန်တိုင်း အော်စကာဟာ ကျူးဘားအရှေ့ပိုင်းမှာ အန္တရာယ်ရှိတဲ့ မိုးသည်းထန်မှု ဖြစ်စေခဲ့ပြီးနောက် တနင်္လာညက ဘဟားမားကို ဝင်ရောက်ခဲ့ပါတယ်။
ပြင်းအား ၁ နာရီကို ၁၇၀ ကီလိုမီတာအထိ ရှိတယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်းစင်တာက ကြေညာထားပြီး ဘဟားမား အလယ်ပိုင်းနဲ့ အရှေ့တောင်ပိုင်းကို ဝင်ရောက်မယ်လို့ သတိပေးထားပါတယ်။
ဒီဒေသကို ဝင်ရောက်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်းတွေအနက် အော်စကာမုန်တိုင်းက အားအနည်းဆုံး ဟာရီကိန်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
Source-Reuters