Home
နိုင်ငံတကာ
ချားလ်စ်ဘုရင်ကို လူမျိုးတုံးသတ်ဖြတ်သူဟု ဩစတြေးလျအမျိုးသမီးအမတ် စွပ်စွဲ
DVB
·
October 24, 2024
Photo - REUTERS/Toby Melville/Pool

ဩစတြေးနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန်ချားလ်စ်ဘုရင်ဟာ ပါလီမန်လွှတ်တော်မှာ မိန့်ခွန်းပြောအပြီး အမျိုးသမီး အထက်လွှတ်တော်အမတ်တယောက်ရဲ့ အော်ဟစ် ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဌာနေတိုင်းရင်းသူ တသီးပုဂ္ဂလလွှတ်တော်အမတ် လီဒီယာသော့ပ်က ချားစ်ဟာ သူတို့ရဲ့ ဘုရင်မဟုတ်ကြောင်း၊ ဌာနတိုင်းရင်းသားတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့သူတွေသာဖြစ်ကြောင်း အော်ဟစ်ပြောဆိုခဲ့ပါတယ်။

အထက်လွှတ်တော်အမတ် လီဒီယာ သော့ပ်က "ရှင်က ကျမတို့ ဘုရင်မဟုတ်ဘူး။ ကျမတို့ နိုင်ငံ့ဦးသျှောင် မဟုတ်ဘူး။ ကျမတို့ပြည်သူတွေကို လူမျိုးတုံး သတ်ဖြတ်ခဲ့တာ၊ ရှင်တို့ ကျမတို့ဆီကခိုးသွားတဲ့ ကျမတို့မြေကို ကျမတို့ကို ပြန်ပေး။ ကျမတို့ အရိုးတွေ၊  ကျမတို့ ခေါင်းခွံတွေ၊ ကျမတို့ ကလေးတွေ၊ ကျမတို့ ပြည်သူတွေ၊ ရှင်တို့ ကျမတို့မြေကို ဖျက်ဆီးခဲ့တာ"လို့ ပြောဆိုခဲ့ပါတယ်။

အိမ်နီးချင်း နယူးဇီလန်နိုင်ငံမှာလို ဌာနေတိုင်းရင်းသားတွေနဲ့ ဗြိတိန်ထီးနန်းအကြား ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုဖို့လည်း လွှတ်တော်အမတ် သော့ပ်က တောင်းဆိုခဲ့ပါတယ်။

"ဩစတြေးလျ ရဲတပ်ဖွဲ့က ကျမကို ခေါ်သွားလို့ ဘယ်သူတွေ ကျမဘက်က ထောက်ခံလဲဆိုတာ သေချာကြည့်ဖို့ အခွင့်အရေး မရလိုက်ဘူး။ ဒါပေမဲ့ အခန်းထဲက ဌာနေတိုင်းရင်းသားတွေဆီကနေ ခေါင်းညိတ် ထောက်ခံမှုတချို့ ရခဲ့တယ်။ ဒါဟာ အနှစ် ၂၀၀ ကျော်အတွင်း ကျမတို့ပြည်သူတွေရဲ့ တွန်းလှန်မှုအပေါ် ကျမရဲ့တွန်းလှန်မှုအပေါ် ထောက်ခံတယ်လို့ ပြသလိုက်တာပါပဲ။ ဒီတိုင်းပြည်မှာ ကျမတို့အားလုံး အတူတကွအောင်ပွဲခံနိုင်ဖို့ ငြိမ်းချမ်းရေးစာချုပ်တရပ် မချုပ်ဆိုနိုင်မချင်း  ကိုလိုနီပြုမှုကို ကျမတို့ ဆက်တွန်းလှန်သွားမယ်။ ကျမတို့ ဒီမှာ ဘာလုပ်ရမယ်ဆိုတာ ကျမတို့ကို အာဏာပေးတဲ့ တခြားတိုင်ပြည်က ဘုရင်တပါး မလိုအပ်ပါဘူး။” 

တတိယမြောက် ချားလ်စ်ဟာ ဗြိတိန်သာကမဘဲ ဩစတြေးလျ၊ ကနေဒါ တို့အပါအဝင် ဓနသဟာယထဲက ဗြိတိသျှထီးနန်းကို ဆက်လက်အသိအမှတ်ပြုထားတဲ့ နိုင်ငံ ၁၄ နိုင်ငံရဲ့ ဘုရင်လည်း ဖြစ်ပါတယ်။

တတိယမြောက်ချားလ်စ်ဘုရင်နဲ့ မိဘုရားဟာ ဩစတြေးလျနိုင်ငံကို ၅ ရက်တာခရီး သွားရောက်နေတာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013