အစ္စရေးက ဂါဇာမြောက်ပိုင်းကို စစ်ကြေညာပါက လူမျိုးတုံးသတ်ဖြတ်မှုအန္တရာယ်ရှိကြောင်း အာရပ်ကိုယ်စားလှယ်များက ကုလသမဂ္ဂကို သတိပေးခဲ့ပါတယ်။
ပါလက်စတိုင်းအရေးနဲ့ပတ်သက်ပြီး အမြဲစောင့်ကြည့်လေ့လာသူ ရီယတ်မန်ဆွာက ဂါဇာမြောက်ပိုင်းမှာ အပတ်အခတ်ရပ်စဲရေးကို ချက်ချင်းလုပ်ဆောင်ဖို့လိုအပ်တယ်လို့ ကုလသမဂ္ဂ ကို သတိပေးခဲ့တာပါ။
မန်ဆွာက “ ဘယ်သူပဲဖြစ်ဖြစ် စစ်ရေးပစ်မှတ်တွေရှိမယ်ဆိုရင် ပါလက်စတိုင်းဒေသမှာ ပထမနှစ်ကထက် ပိုပြီး လူမျိုးတုံး သတ်ဖြတ်မှုတွေပိုများလာနိုင်ပါတယ်။ ဒီနေရာမှာ အပစ်အခတ် ရပ်စဲရေးကို အမြန်ဆုံးလုပ်ရမှာပါ” ပြောပါတယ်။
ဒါ့အပြင် မန်ဆွာဟာ ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာတမ်းကို မလိုက်နာသလို တနိုင်ငံတည်း လုပ်ချင်ရာ လုပ်နေတဲ့ အစ္စရေးရဲ့ပုံစံက အာရပ်အဖွဲ့မှာ နေရာ တနေရာဖို့ မထိုက်တန်ဘူးလို့လည်း ထပ်မံ ပြောဆိုထားပါတယ်။
အစ္စရေးဟာ ဂါဇာမြို့ကနေ လာဟီယာ၊ ဂျာဘာလီယာ၊ ဟာနွန် စတဲ့နေရာတွေကိုလည်း ထိုးစစ် တွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီ ၃ နေရာမှာ နေထိုင်ကြတဲ့သူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ အမိန့်ပေးထားပါတယ်။
အဲဒီနေရာတွေမှာ ဆက်သွယ်ရေး၊ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေသလို ကယ်ဆယ်ရေးလုပ်ငန်း တွေလည်း တကွဲတပြားဖြစ်နေပါတယ်။
အစ္စရေးစစ်တပ်ဟာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တွေရဲ့ လူ ၁၂၀၀ သတ်ခဲ့မှုနဲ့ ၂၅၀ ကျော် ပြန်ပေးဆွဲခဲ့မှုအတွက် ဂါဇာကို ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ဂါဇာစစ်ပွဲကြောင့် လူပေါင်း ၄၂၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေးအဖွဲ့က ဆိုပါတယ်။
Source-Reuters