အစ္စရေးဟာ လက်ဘနွန်ရဲ့ ဟစ်ဇ်ဘိုလာတွေရဲ့သေဆုံးမှုကို အမျိုးသား ၁၅၀၀ လောက်ဝန်းကျင် ရှိမယ်လို့ ခန့်မှန်းရကြောင်း အောက်တိုဘာ ၁၈ ရက်မှာ စစ်တပ်က ထုတ်ပြန်တဲ့ မှတ်ချက်မှာ အစ္စရေးစစ်တပ်အကြီးအကဲ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဟာဇီ ဟာလေဗီက ပြောကြား ခဲ့ပါတယ်။
“ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမား ရှိနေတာဖြစ်ပြီး အမိန့်ပေးနေတဲ့ ကွင်းဆက်တခုလုံးကို ရှင်းထုတ်နေပါတယ်”လို့ ဟာလေဗီက အစ္စရေးစစ်တပ်မှ ဖြန့်ဝေတဲ့ ဗီဒီယိုထဲမှာ ပြောပါတယ်။
ဟစ်ဇ်ဘိုလာဟာ သူ့အဖွဲ့ဝင်တွေရဲ့ သေဆုံးမှုတွေကိုဖုံးကွယ်ထားပြီး သေဆုံးသွားတဲ့ တပ်မှူးတွေ ကိုလည်း ဖုံးကွယ်ထားတယ် လို့ ဆိုပါတယ်။
အစ္စရေးစစ်တပ်ဟာ လက်ဘနွန်တောင်ပိုင်းရှိ အခြားစစ်တပ်အရာရှိတွေနဲ့ ဟာလေဗီတို့ အတူရှိနေတဲ့ ဗီဒီယိုကို ဖြန့်ဝေခဲ့ပြီး ရိုက်တာစ်ကတော့ ဗီဒီယိုရိုက်ကူးတဲ့နေ့စွဲနဲ့ တည်နေရာကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
“သမားရိုးကျ ခန့်မှန်းထားချက်အရ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေ ၁,၅၀၀ လောက် သေဆုံးကုန်ပြီး၊ လေကြောင်းတိုက်ခိုက်မှု အများအပြားကြောင့် ကျနော်တို့ မသိလိုက်ရသေးတဲ့ သေဆုံးသူတွေလည်း ပိုပြီးများများစားစား ရှိဦးမယ်”လို့လည်း ဟာလေဗီက လက်ဘနွန် တောင်ပိုင်းရှိ မြေပြင်တပ်တွေကို ပြောကြားခဲ့ပါတယ်။
အီရန်ဟာ သူ့ရဲ့အဓိက လက်ရုံးဖြစ်တဲ့ ဟစ်ဇ်ဘိုလာတွေ ဒီမှာဖြစ်ပျက်နေတာကိုတောင် နားလည်မှာ မဟုတ်ဘူးလို့ ထင်မြင်ကြောင်းလည်း ဆိုပါတယ်။
"ဟစ်ဇ်ဘိုလာအတွက် နေ့တိုင်း အလွန်ခက်ခဲတဲ့ အံ့အားသင့်စရာတွေ ရှိနေစေဖို့ ကြိုးစားနေပြီးတော့ အဲဒီအံ့အားသင့်စရာတွေကလည်း ကိုယ့်အတွက် အောင်မြင်မှုတွေကို ယူဆောင်လာပြီး ရန်သူရဲ့ အောင်မြင်မှုတွေကို တားဆီးခြင်း ၂ ခုလုံးပါပဲလို့လည်း ဟာလေဗီက ပြောပါတယ်။
Source-Reuters