Home
မြန်မာသတင်း
ဗဟိုဘဏ်က ဒေါ်လာ ၁၀ သန်းခန့် ထုတ်ရောင်းသော်လည်း ဒေါ်လာဈေး တက်ရိပ်ပြ
DVB
·
October 24, 2024

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နဲ့ ၂၂ ရက်မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်းနဲ့ ၇ ဒသမ ၅၆ သန်းစီ ထုတ်ရောင်းခဲ့ပေမဲ့ အောက်တိုဘာ ၂၃ ရက်မှာတော့ ဒေါ်လာဈေးက အနည်းငယ် တက်ရိပ်ပြလာပါတယ်။

အောက်တိုဘာ ၂၃ ရက်က ပြင်ပဈေးကွက်မှာ တဒေါ်လာကို  ၄,၅၀၀- ၄,၆၀၀ ကျပ်ဝန်းကျင် ဈေးပေါက်နေပြီး အောက်တိုဘာ ၂၂ ရက်က ဈေးဖြစ်တဲ့ တဒေါ်လာ ၄,၄၃၀-၄,၅၃၀ ကျပ်ထပ် တက်လာခဲ့ပါတယ်။

စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်းပလက်ဖောင်းမှာတော့ အောက်တိုဘာ ၂၂ ရက်မှာ တဒေါ်လာ ကို  ၃,၅၅၆ ကျပ်၊ ၂၃ ရက်မှာ ၃,၅၆၁ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

တဖက်မှာလည်း ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရွှေရည်ညွှန်းဈေးတွေ တက်လာတာကို တွေ့ရပါတယ်။

အောက်တိုဘာ ၂၁ ရက်မှာ ရွှေရည်ညွှန်းဈေးဟာ အကယ်ဒမီမီးလင်းရွှေ တကျပ်သားကို ကျပ် ၅၅ သိန်း ၄ သောင်း ရည်ညွှန်းဈေး သတ်မှတ်ခဲ့ပြီး အောက်တိုဘာ ၂၂ ရက်မှာ ၅၆ သိန်းကျပ်၊ အောက်တိုဘာ ၂၃ ရက်မှာ ကျပ် ၅၆ သိန်း ၁ သောင်းကျပ် တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။

ကမ္ဘာ့ရွှေဈေးတက်လို့ အခုလို တိုးမြှင့်သတ်မှတ်တာဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပြင်ပဈေးကွက်မှာလည်း အကယ်ဒမီမီးလင်းရွှေ ဈေးနှုန်းဟာ အောက်တိုဘာ ၂၁ ရက်မှာ တကျပ်သားကို ၆၃ သိန်းကျပ်၊ အောက်တိုဘာ ၂၂ ရက်မှာ ၆၄ သိန်း ရှိခဲ့ပြီး အောက်တိုဘာ ၂၃ ရက်မှာ ၆၆ သိန်းကျော်ထိ ထိုးတက်လာတာ တွေ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024