Home
နိုင်ငံတကာ
ကမ်မလာဟားရစ်ကို မဲပေးရန် ရက်ပ်ပါ အမ်မီနမ် မဲဆွယ်
DVB
·
October 23, 2024
Photo - Reuters

အမေရိကန်ဒုသမ္မတ ကမ်မလာဟားရစ်ရဲ့ ဒပ်ထရိုက်မြို့ မဲဆွယ်ပွဲမှာ ရက်ပ်ပါ အမ်မီနမ်က သူ့ဇာတိမြေမှာ မဲဆွယ်စည်းရုံးခဲ့ပါတယ်။

အမ်မီနမ်ဟာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ကို အရင်ကတည်းက Freestyle ရွတ်ရင်း ဝေဖန်ခဲ့ဖူးပါတယ်။

အသက် ၅၂ နှစ်အရွယ်ရှိ အမ်မီနမ်က လူတွေအနေနဲ့ သူတို့ရဲ့ ထင်မြင်ချက်တွေကို ဖော်ပြဖို့ ကြောက်ရွံ့မနေသင့်ကြောင်း၊ အမေရိကန်မှာရှိတဲ့ အမေရိကန်သားတယောက် အနေနဲ့ နောင်တမရဘဲ မဲပေးဖို့လိုကြောင်း ပြောဆိုခဲ့ပါတယ်။

အမ်မီနမ်ဟာ ဒပ်ထရိုက်မြို့သားတွေကို စည်းရုံးခဲ့ပြီးနောက်မှာ သမ္မတဟောင်း အိုဘားမားကို ဖိတ်ခေါ်ခဲ့တာ တွေ့ရပါတယ်။

“ဒုသမ္မတ ဟားရစ်ဟာ လွတ်လပ်မှုနဲ့ ကာကွယ်မှုတွေ၊ ထိန်းသိမ်းမှုတွေ အများကြီး ပြုလုပ်နိုင်မှာပါ။ သူဟာ နိုင်ငံရဲ့အနာဂတ်ကို ပံ့ပိုးမှုပြုလုပ်နိုင်မှာပါ။ သူ့အကြောင်းနဲ့ ပတ်သက်ပြီး သမ္မတဟောင်း အိုဘားမားက ပိုပြီး ပြောပြပါလိမ့်မယ်” လို့ အမ်မီနမ်က ပြောပါတယ်။

အိုဘားမားက ထရမ့်ပ်ရဲ့ အသက်အရွယ်နဲ့ ငယ်မူပြန်နေမှုကို အဓိကထား ဝေဖန်ခဲ့ပြီး အမေရိကန်ဟာ သမိုင်းစာမျက်နှာအသစ်ကို ဖွင့်လှစ်ရမှာဖြစ်ကြောင်းနဲ့ သမ္မတသစ် ကမ်မလာဟားရစ်ကို ကြိုဆိုရမှာဖြစ်ကြောင်း မဲဆွယ်စည်းရုံးခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ပ်ဟာ ဒပ်ထရိုက်မြို့မှာ ပြီးခဲ့တဲ့အပတ်က မဲဆွယ်ပွဲပြုလုပ်ခဲ့ပြီး အဲဒီပွဲမှာ ဒေသခံ ရက်ပ်ပါဖြစ်တဲ့ Trick Trick နဲ့အတူ မဲဆွယ်ခဲ့ဖူးပါတယ်။ Trick Trick ဟာ Welcome 2 Detroit သီချင်းမှာ အမ်မီနမ်နဲ့အတူ ပူးတွဲသီဆိုခဲ့သူ ဖြစ်ပါတယ်။

ထရမ့်ပ်က ဒပ်ထရိုက်ဟာ ဖွံ့ဖြိုးနေတဲ့မြို့ဖြစ်ပြီး တနိုင်ငံလုံးကမြို့တွေလည်း ဒီလို ဖွံ့ဖြိုးတိုးတက်ဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။

မစ်ချီဂန်ပြည်နယ်ဟာ ထရမ့်ပ်နဲ့ ဟားရစ်တို့အတွက် အဆုံးအဖြတ်ပေးမယ့် ပြည်နယ်တခု ဖြစ်တာကြောင့် သမ္မတလောင်းတွေအတွက် အပြိုင်အဆိုင် မဲဆွယ်ခဲ့ကြတာ ဖြစ်ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024