ရုရှားရဲ့ Tu-95MS ဗျူဟာမြောက် ဗုံးကြဲလေယာဉ် ၂ စီးဟာ ကြိုတင်စီစဉ်ထားတဲ့ လေကြောင်းခရီးစဉ်အရ ဂျပန်ပင်လယ်ရဲ့ နိုင်ငံတကာ ရေပိုင်နက် ကောင်းကင်မှာ ပျံသန်းခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်မှာ ပြောပါတယ်။
ဒီလေယာဉ်တွေကို SU-30SM တိုက်လေယာဉ်တွေ ခြံရံပြီး ၁၀ နာရီကြာအောင် ပျံသန်းခဲ့တာလို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားနဲ့ တရုတ်တို့ ဂျပန်ပင်လယ်ထဲမှာ ပူးတွဲ စစ်ရေးလေ့ကျင့်အပြီး ရက်ပိုင်းအကြာမှာ ခုလိုပျံသန်းခဲ့တာပါ။
မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) က Bear H လို့ခေါ်တဲ့ ဒီလေယာဉ်တွေဟာ ဇူလိုင် ၃၀ ရက်က အမေရိကန်ရဲ့ အလာစကာ ကမ်းရိုးတန်းနားကို ဖြတ်ကျော်ပျံသန်းအပြီး ဂျပန်ပင်လယ်မြောက်ပိုင်းမှာ ပျံသန်းခဲ့ပါသေးတယ်။
အောက်တိုဘာလမှာလည်း ရုရှား ဗုံးကြဲလေယာဉ်တွေကို အမေရိကန် ကမ်းရိုးတန်းနားမှာ ထောက်လှမ်းတွေ့ရှိခဲ့ဖူးပါတယ်။
Source-Reuters