Home
နိုင်ငံတကာ
အစ္စရေးဗုံးကြဲမှုကြောင့် ဂါဇာဒေသခံများ အပျက်အစီးအောက်၌ ပိတ်မိနေ
DVB
·
October 23, 2024
Photo-Reuters

ဂါဇာကမ်းမြောင် မြောက်ပိုင်းက ဘိတ်ထ် လာဟီယာမြို့ခံတွေ အောက်တိုဘာ ၁၉ ရက်က အစ္စရေးတို့ တိုက်ခိုက်တာ ခံရအပြီး ခုထိ အပျက်အစီးတွေအောက်မှာ ပိတ်မိနေပါတယ်။

ကယ်ဆယ်နိုင်မှု အလွန်နည်းတဲ့ ဒေသခံ အရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့တွေက ကယ်တာကို အားကိုးနေရဆဲပါ။

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းက ဒီမြို့အတွင်း လူနေရပ်ကွက်တခုကို အောက်တိုဘာ ၁၉ ရက်က ထပ်ပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၈၇ ယောက် အသေအပျောက်ရှိခဲ့ပြီး တခြားလူ ၄၀ ကျော် ဒဏ်ရာရခဲ့လို့ လတ်တလောလတွေအတွင်း အဆိုးရွားဆုံး၊ အသေအပျောက်အများဆုံး တိုက်ခိုက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

တိုက်ခိုက်မှုအပြီး ဒေသခံအများအပြားဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေခဲ့ပြီး ဒေသတွင်း ကယ်ဆယ်ရေးအရင်းအမြစ်တွေလည်း အကန့်အသတ် ဖြစ်ခဲ့ပါတယ်။

အရပ်ဘက်ကာကွယ်ရေးလမ်းကြောင်းက တော်တော်ခေတ်နောက်ကျနေပြီး လုပ်နိုင်စွမ်းတွေက အရမ်း အကန့်အသတ်ရှိတယ်လို့ တိုက်ခိုက်မှုကို မြင်တွေ့ခဲ့ရတဲ့ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ဒေသခံတယောက်က ပြောပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၀ ရက်မှာ ရှုတ်ချခဲ့ပါတယ်။

အစ္စရေးစစ်တပ်က ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ အောက်တိုဘာ ၂၁ ရက်မှာ ကြေညာခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013