အီရန်ကို တိုက်ခိုက်မယ့် အစ္စရေးရဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး လျှို့ဝှက်စာတမ်း ၂ စုံ သတင်းပေါက်ကြားမှုအပေါ် အမေရိကန်က စိုးရိမ်နေပါတယ်။
အီရန်ကို တိုက်ခိုက်မယ့် အစ္စရေးရဲ့ အစီအစဉ်နဲ့ပတ်သက်တဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေ ပေါက်ကြားခဲ့ပြီး အမေရိကန်အစိုးရက စုံစမ်းမှု ပြုလုပ်နေပါတယ်။
အစ္စရေးရဲ့ စစ်ရေးအစီအစဉ် ပေါက်ကြားခဲ့တဲ့အကြောင်း အမေရိကန် အမျိုးသားဆက်သွယ်မှု လုံခြုံရေးအကြံပေးဖြစ်သူ ဂျွန်ကာဘီက တနင်္လာနေ့က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
ဂျွန်ကာဘီက “သတင်းပေါက်ကြားမှုနဲ့ပတ်သက်ပြီး ကျနော်တို့ အရမ်းစိတ်ပူပါတယ်။ သမ္မတကလည်း ဒီအဖြစ်အပျက်ကို စိတ်ပူနေပါတယ်။ ဒီလိုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဘယ်လို ပေါက်ကြားမှုတွေ ဖြစ်လဲဆိုတာ စောင့်ကြည့်မှု ပြုလုပ်သွားမှာပါ” လို့ ပြောပါတယ်။
တနင်္လာနေ့အစောပိုင်းက အမေရိကန် ဘူမိဗေဒဆိုင်ရာ အေဂျင်စီနဲ့ အမျိုးသားလုံခြုံရေး အေဂျင်စီတို့ရဲ့ လျှို့ဝှက်စာတမ်း ၂ စုံအကြောင်း တယ်လီဂရမ်မှာ ၄ ရက်အကြာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အဲဒီစာတမ်းတွေမှာ အစ္စရေးစစ်တပ်က အောက်တိုဘာ ၁ ရက်က ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ အီရန်ကို လက်တုံ့ပြန်မယ့် အစီအစဉ်နဲ့ ဆက်စပ်နေပါတယ်။
ပထမစာရွက်စာတမ်းတွေမှာ လေကြောင်းကနေ အီရန်ကို တိုက်ခိုက်မယ့် ပြင်ဆင်မှုတွေနဲ့ ဒုတိယအကြီးဆုံး ထိုးစစ်အတွက် လေ့ကျင့်ခြင်းအကြောင်း ဖြစ်ပါတယ်။
ဒုတိယစာတမ်းမှာတော့ အစ္စရေးရဲ့ အဓိက စစ်လက်နက်ပစ္စည်းပြင်ဆင်မှု၊ ဒရုန်းတွေနဲ့ လျှို့ဝှက်တိုက်ခိုက်မှုတွေအကြောင်း ပါဝင်ပါတယ်။
Source-Reuters