ဟားမတ်စ်ခေါင်းဆောင် ယာယာဆင်ဝါ သေဆုံးအပြီးမှာ ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေး ထပ်မံကြိုးပမ်းဖို့ ရည်ရွယ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ အရှေ့အလယ်ပိုင်းကို ထပ်မံလာရောက်ခဲ့ပါတယ်။
အောက်တိုဘာ ၂၂ ရက်မှာ အစ္စရေးကို အရင်ဆုံးဝင်ခဲ့ပြီး တပတ်တာအတွင်းမှာ ဂျော်ဒန်နဲ့ ကာတာကိုလည်း သွားရောက်ဖို့ ရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှု နောက်ပိုင်း ဘလင်ကန်ဟာ အရှေ့အလယ်ပိုင်းကို လာတာ ၁၁ ကြိမ်ရှိပြီဖြစ်ပေမဲ့ အပစ်ရပ်ရေး ကြိုးပမ်းမှုတွေ မအောင်မြင်ခဲ့ပါဘူး။
အစ္စရေးက အီရန်ရဲ့ အောက်တိုဘာ ၁ ရက် တိုက်ခိုက်မှုကို လက်တုံ့ပြန်ဖို့ ရှိနေတဲ့အတွက် အဲဒီကိစ္စကလည်း အဓိကဆွေးနွေးဖို့ အကြောင်းအရာ ဖြစ်နိုင်ပါတယ်။
အစ္စရေးရဲ့ လက်တုံ့ပြန်မှုဟာ ရေနံစျေးကွက်ကိုပါ ထိခိုက်လာနိုင်တာ၊ ရန်သူတော်ကြီးတွေ အကြား တင်းပြည့်စစ်ပွဲကြီး ဖြစ်လာနိုင်တာတွေကိုလည်း စိုးရိမ်နေကြပါတယ်။
အပစ်ရပ်ဖို့ရာ အစ္စရေးနဲ့ ဟားမတ်စ်အကြားမှာ မညှိနှိုင်းနိုင်လောက်တဲ့ ကွဲလွဲမှုတွေရှိနေပြီး လာမယ့် နိုဝင်ဘာ ၅ ရက် အမေရိကန် သမ္မတရွေးကောက်ပွဲ မပြီးခင်အထိ ကြီးကြီးမားမား သဘောတူညီချက်ရဖို့ မလွယ်ဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
Source-Reuters