အစ္စရေးဟာ လက်ဘနွန်နိုင်ငံတဝန်းက ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ ပတ်သက်တဲ့ ဘဏ်တခုရဲ့ ဘဏ်ခွဲတွေကို ပစ်မှတ်ထားပြီး အောက်တိုဘာ ၂၀ ရက် ညပိုင်းမှာ လေကြောင်း တိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေးစစ်တပ်ဟာ တနာရီမပြည့်ခင် လေကြောင်းတိုက်ခိုက်မှု ကြိုတင်သတိပေးချက် ၂၄ ကြိမ်အထိ ထုတ်ပြန်ခဲ့ပါတယ်။ အများစုက ဘေရွတ်မြို့တောင်ပိုင်းမှာဖြစ်ပြီး လေဆိပ်အနီး တိုက်ခိုက်မှု ၂ ကြိမ် ရှိခဲ့ပါတယ်။
အယ်လ်ကာ့ဒ် အယ်လ်ဟာဆန် (AQAH) ဘဏ်ကို ဟစ်ဇ်ဘိုလာတွေက ဘဏ်စနစ်ကို ကျော်လွှားဖို့ အသုံးချနေတယ်ဆိုပြီး ၂၀၀၇ ကတည်းက အမေရိကန်က အရေးယူ ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။
ညသန်းခေါင်မရောက်မီမှာတင် AQAH ဘဏ်ခွဲရှိတဲ့ အဆောက်အအုံ ဒါဇင်ချီ ထိမှန်တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။
၁၉၈၂ မှာ ပရဟိတအဖွဲ့အဖြစ် စတင်ထူထောင်ခဲ့တဲ့ ဒီဘဏ်ဟာ ပုံမှန် အနောက်တိုင်းဘဏ်စနစ် အပြင်ဘက်မှာ လည်ပတ်နေတာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်တွင်းက ပုံမှန်ဘဏ်တွေမှာ ချမှတ်တဲ့ ကန့်သတ်ချက်တွေကို ရှောင်လွှဲပြီး လုပ်ကိုင်နိုင်တာ ဖြစ်ပါတယ်။
လက်ဘနွန်တလွှားမှာ ဘဏ်ခွဲ ၃၄ ခုရှိပြီး တိုက်ခိုက်ခံရတာက ၁၆ ခုလို့ လက်ဘနွန်မီဒီယာတွေက ဖော်ပြပါတယ်။
Source-Reuters