အစ္စရေးနိုင်ငံမြောက်ပိုင်း ဆယ်ဆာရီယာမြို့ရှိ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုရဲ့ နေအိမ်ဆီ ဒရုန်းယာဉ်တစင်းကို အောက်တိုဘာ ၁၉ ရက်က လွှတ်တင်ခဲ့ကြောင်း သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပြီး ဝန်ကြီးချုပ်ဟာ အနီးတဝိုက်မှာ ရှိမနေသလို အသေအပျောက်လည်း မရှိခဲ့ကြောင်း ပြောဆိုပါတယ်။
အစ္စရေးစစ်တပ်က အစောပိုင်းမှာ လက်ဘနွန်မှ ဒရုန်းတစင်း ပစ်လွှတ်ခဲ့ပြီးတော့ အဆောက်အအုံတခုကို ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ဘယ်အဆောက်အအုံလဲ ဆိုတာကို ချက်ချင်းမသိရသေးပါဘူး။
အစ္စရေးပိုင်နက်အတွင်းကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ နောက်ထပ် ဒရုန်း ၂ စင်းကိုလည်း ကြားဖြတ်ဟန့်တားခဲ့ကြောင်း စစ်တပ်က ပြောပါတယ်။
နေတန်ယာဟုရဲ့ အပန်းဖြေအိမ်ရှိတဲ့ ဆယ်ဆာရီယာ ကမ်းရိုးတန်းမြို့မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး အစ္စရေး လူနာတင်ယာဉ် ဝန်ဆောင်မှုဌာနကတော့ အသေအပျောက်မရှိဘူးလို့ ဆိုပါတယ်။
ဒရုန်းတိုက်ခိုက်မှုကို အီရန် ကျောထောက်နောက်ခံပြု လက်ဘနွန်ရဲ့ ဟစ်ဇ်ဘိုလာအဖွဲ့က လုပ်တာလား၊ ဒါမှမဟုတ် တခြားအဖွဲ့က လုပ်ဆောင်တာလား ဆိုတာတော့ ချက်ချင်း မရှင်းလင်းသေးပါဘူး။
Source-Reuters