Home
မြန်မာသတင်း
ပွင့်ဖြူ စစ်တပ်စစ်ဆေးရေးဂိတ်တွင် မိုင်းကွဲပြီး စစ်သား ၂ ဦး သေဆုံး
DVB
·
October 22, 2024

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာ သုသာန်အနီးမှာ အောက်တိုဘာ ၂၁ ရက် မနက် ၆ နာရီ ဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးရေးဂိတ်မှာ စစ်သား ၂ ယောက် မိုင်းထိ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ရွာအရှေ့ဘက်က သင်္ချိုင်းကုန်းနဲ့ ဆည်ဘောင်ကြားက စစ်သားတွေနေတဲ့ဂိတ်မှာ ကွဲတာပါ။ နေ့ပိုင်း တနေကုန်နေတယ်၊ ညပိုင်းဆို မဲဇလီရဲစခန်းထဲ ပြန်ကြတာ။ အခုဗုံးကွဲတာက အဲဒီဂိတ်ကို မနက်ဘက် သူတို့ရောက်ရောက်ချင်း ကွဲတာ။ စစ်သား ၅ ယောက်ထဲက ၂ ယောက်ကတော့ ပွဲချင်းပြီးသေတယ်။ ၂ ယောက်လောက်လည်း ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

သေဆုံးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ဟာ ပွင့်ဖြူ ဝါတပ်က တပ်ကြပ်ကြီးအဆင့်ရှိသူ တယောက်နဲ့ တပ်သားတယောက်တို့ ဖြစ်ကြပြီး အလောင်းတွေကို လူနာတင်ယာဥ်နဲ့ ပွင့်ဖြူမြို့ဘက်ကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့နယ်အတွင်းက ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ဂိတ်မှာ ညပိုင်း သူတို့မရှိတဲ့အချိန် ဗုံးသွားထောင်ပြီး မနက်စော စစ်သားတွေရောက်မှ ခွဲလိုက်တာလို့တော့ သိရတယ်။ ကျနော်တို့အဖွဲ့ ဆောင်ရွက်ခဲ့တာတော့ မဟုတ်ဘူး။ လုပ်တဲ့အဖွဲ့တွေက သတင်းထုတ်ပြန်ပေးပါလိမ့်မယ်” လို့ ပြောပါတယ်။

အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး ဘယ်တော်လှန်ရေးအဖွဲ့က ပြုလုပ်ခဲ့တယ်ဆိုတာကို သတင်းထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။

ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာ နယ်မြေရဲစခန်းအတွင်းမှာ စစ်ကောင်စီဘက်က အင်အား ဖြည့်တင်းတာတွေ စစ်ရေးဆောင်ရွက်ပြင်ဆင်နေတဲ့အတွက် တိုက်ခိုက်မှုတွေ အချိန်မရွေး ဖြစ်ပေါ်လာနိုင်လို့ အဆိုပါရဲစခန်းနဲ့ အနီးတဝိုက်မှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ နေရာရွှေ့ပြောင်း နေထိုင်ကြဖို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက သြဂုတ် ၁၆ ရက်မှာ သတိပေး ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013