ယူကရိန်းစစ်တပ်ရဲ့ နေရာအများအပြားကို အောက်တိုဘာ ၂၀ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောဆိုခဲ့သလို ယူကရိန်းဘက်ကလည်း ရုရှားစစ်တပ်ရဲ့ လေဆိပ်နဲ့ စက်ရုံကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ရုရှားစစ်တပ်ဟာ ယူကရိန်းနယ်မြေ ၁၃၁ နေရာမှာ လူအုပ်စုတွေနဲ့ စစ်လက်နက်ကြီးတွေကို တိုက်ခိုက်ခဲ့ပြီး ကာ့က်စ်ဒေသထဲကိုဝင်ဖို့ ကြိုးပမ်းနေတဲ့ ယူကရိန်း လက်နက်ကိုင် တပ်ဖွဲ့တွေကို ချေမှုန်းခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရုရှားလေတပ်ဟာ အမေရိကန်လုပ် HIMARS ဒုံးကျည် ၅ စင်းနဲ့ မောင်းသူမဲ့ လေယာဉ် ၁၄၂ စီးတို့ကို ပစ်ချခဲ့တယ်။ ရုရှားတပ်ဖွဲ့ဝင်တွေက မောင်းသူမဲ့ လေယာဉ်တွေကို ထုတ်လုပ်တဲ့ အဆောက်အအုံတွေ၊ စူမွေနဲ့ ခါခက်ဗ် ဒေသတွေက လေ့ကျင့်ရေးနဲ့ ပစ်လွှတ်ရေး နေရာတွေကို ဖျက်ဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနေ့မှာပဲ ပေါ့ခ်ရော့ဗ်စ်ခ်နဲ့ ခူရာခဗ်ဒေသတွေက ရှေ့တန်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က ပြောပါတယ်။
ယူကရိန်းစစ်တပ်က သူ့တပ်စခန်း တည်နေရာတွေကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး ရုရှားစစ်တပ်ရဲ့ တိုက်ခိုက်မှုအများအပြားကို ဟန့်တားထားပါတယ်။
ဒီအတောအတွင်းမှာ ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားနိုင်ငံ လီပက်ထ်စ်ခ်ဒေသထဲက စစ်ဘက်လေဆိပ်နဲ့ ရုရှားနိုင်ငံ နစ်ရှ်ညီ နော့ဂဒ် ဒေသထဲက အမြောက်ကျည်တွေ၊ လေကြောင်းကနေ ကြဲချတဲ့ ဗုံးတွေကို အဓိကထုတ်လုပ်တဲ့ စက်ရုံတရုံတို့ကို တိုက်ခိုက်ခဲ့ပါတယ်။
Source-Reuters