အင်္ဂလန် အက်ဖ်အေဟာ မသင့်တော်တဲ့ အပြုအမူ လုပ်ဆောင်ခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းပိုင်ရှင်ကို ပွဲကြည့်ခွင့် ၅ ပွဲ ပိတ်ပင်ခဲ့ပါတယ်။
ပိုင်ရှင် မာရင်နာကစ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က အိမ်ကွင်းမှာ ဖူဟမ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဒိုင်လူကြီး ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ အသင်းရဲ့ ဥမင်တဝိုက်မှာ မသင့်တော်တဲ့ အပြုအမူလုပ်ဆောင်ခဲ့တာပါ။
အဲဒီဖြစ်ရပ်အတွက် အက်ဖ်အေက ၅ ပွဲ ပွဲကြည့်ခွင့် ပိတ်ပင်ခဲ့ပြီး နော်တင်ဟမ်ပိုင်ရှင် မာရင်နာ ကစ်ရဲ့ အပြုအမူဟာ လက်ခံနိုင်စရာ မရှိတာကြောင့် အရေးယူခဲ့တာဖြစ်ကြောင်း အက်ဖ်အေ ကထုတ်ပြန်ပါတယ်။
နော်တင်ဟမ်နည်းပြ နူနိုဆန်းတို့စ်ဟာလည်း ကွင်းဘေးစည်းတလျှောက် သတ်မှတ်ထားတဲ့စည်းမျဉ်းတွေ ချိုးဖောက်ခဲ့တာကြောင့် ၃ ပွဲပယ်နဲ့ ဒဏ်ကြေး ၅၅၀၀၀ ချမှတ်ခံရပါတယ်။
အလားတူ ကွင်းလယ်လူဂစ်ဘ်ဝှိုက်က်ဟာလည်း ဖူဟမ်နဲ့ပွဲက ရုန်းရင်းဆန်ခတ်ဖြစ်ရပ်တွေကြောင့် တပွဲပယ်ပြစ်ဒဏ်နဲ့ ပေါင် ၂၀၀၀၀၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။