ရာသီဥတုပြောင်းလဲမှုဒဏ် ရင်ဆိုင်နေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကူညီပေးဖို့ ဖိအားပေးခံနေရတဲ့ ကမ္ဘာ့ဘဏ်ဟာ လာမယ့် ဆယ်စုနှစ်အတွင်း ထပ်တိုးထုတ်ချေးနိုင်စွမ်း ဒေါ်လာ ၃၀ ဘီလီယံအထိ တိုးမြှင့်ဖို့ ရုံးတွင်း ချေးငွေလမ်းညွှန်ချက် ပြင်ဆင်ဖို့ မဲခွဲ အတည်ပြုခဲ့ပါတယ်။
အခုလို ထပ်မံတိုးမြှင့်လိုက်တဲ့အတွက် ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ချေးနိုင်စွမ်းဟာ ဒေါ်လာ ၁၅၀ ဘီလီယံ အထိ ရှိလာမှာဖြစ်တယ်လို့ ဘဏ်ဥက္ကဋ္ဌ အဂျေး ဘန်ဂါက ပြောပါတယ်။
ဗဟိုဘဏ်ရဲ့ အဖွဲ့ခွဲဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ပြန်လည်တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးရေးဘဏ် (IBRD) ဟာ ချေးငွေထုတ်ချေးတဲ့ အချိုးကို ၁ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်တယ်လို့ ဆိုပါတယ်။
ဂါဇာကမ်းမြောင် ပြန်လည်ထူထောင်ရေးကုန်ကျစရိတ်နဲ့ ကမ္ဘာ့ဘဏ်က ဘယ်အခန်းကဏ္ဍက ပါဝင်နိုင်မလဲဆိုတဲ့အချက်တွေကိုပါ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ရိုက်တာသတင်းနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
ဂါဇာစစ်ပွဲဟာ ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှု အနည်းငယ်သာရှိပေမဲ့ စစ်ပွဲ ဒီထက် ပိုကျယ်ပြန့်လာပြီး နိုင်ငံတွေ ပိုမိုပါဝင်လာရင်တော့ ကမ္ဘာ့တိုးတက်မှု၊ အထူးသဖြင့် လူသုံးကုန် တင်ပို့မှုမှာ ထိခိုက်လာနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။
Source-Reuters