ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ သီတင်းကျွတ်လပြည့် အောက်တိုဘာ ၁၇ ရက်မှာ ဘုရားဖူးတွေထောင်နဲ့ချီ ဖူးမြော်လာတယ်လို့ ရွှေတိဂုံ စေတီတော် ဝန်ထမ်းတွေက ပြောပါတယ်။
သီတင်းကျွတ်လပြည့်ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ နေ့တနေ့ဖြစ်ပြီး အဘိဓမ္မာအခါတော်နေ့လို့လည်း ထင်ရှားပါတယ်။
စက်ရုံ၊ အလုပ်ရုံ ပိတ်ရက်တွေ ဖြစ်တာကြောင့် ဘုရားဖူးများပြားတာဖြစ်သလို ဗဟန်း ၃ လမ်း အရှေ့ဘက်မုခ်ကနေ ဘုရားရင်ပြင် တော်ရောက်ရှိဖို့ နာရီဝက်လောက်အထိ တိုးဝှေ့သွာလာနေကြတာ မြင်တွေ့ရပါတယ်။
ဘုရားဖူးတွေအတွက် ပန်း၊ ဆီမီး၊ ယတြာထီး၊ ရွှေသင်္ကန်း၊ ကန်တော့ပွဲ၊ ဆင်းတုတော်၊ နိဗ္ဗာန်ကုန်စတဲ့ ဈေးရောင်းသူတွေ ရှိနေကြသလို အလှူခံသူတွေ၊ ဖိနပ်ထည့်ဖို့ ကြွပ်ကြွပ်အိတ် ရောင်းချသူ တွေနဲ့ တောင်းရမ်းနေသူတွေလည်း ရှိနေပါတယ်။
၂၀၂၄ ခုနှစ်ဟာ မြန်မာနှစ် ၁၃၈၆ ခုနှစ်ဖြစ်သလို သာသနာနှစ် ၂၅၆၈ ပြည့်နှစ်လည်း ဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့မတိုင်ခင် အဖိတ်နေ့မှာတော့ ဆီမီး ၁၀၀၀၀ ပူဇော်ပွဲကို ဘုရားရင်ပြင်တော်မှာ လှူဒါန်းခဲ့ကြပြီး ၃ ကြိမ် ရစ်ပတ်ပူဇော်ခဲ့တယ်လို့ သိရပါတယ်။