နှစ်ဆန်း ၁ ရက်နေ့ ရွှေတိဂုံဘုရားမြင်ကွင်း (ဓာတ်ပုံ)
DVB
·
April 17, 2023
မြန်မာနှစ်ဆန်း ၁ ရက် ဒီကနေ့မနက် ရွှေတိဂုံဘုရားကို ရဟန်းရှင်လူပြည်သူတွေ အများအပြား ဘုရားဖူးလာရောက်ခဲ့ကြပြီး အာဏာသိမ်းစစ်တပ်နဲ့ ရဲတွေရဲ့ လုံခြုံရေးချထားတာမရှိဘဲ ဘုရားလုံခြုံရေးတွေသာ မြင်တွေ့ခဲ့ရတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။
သင်္ကြန်တွင်းကာလမှာ ရန်ကုန်မြို့ရဲ့ လမ်းမတွေဟာ တိတ်ဆိတ်ခြောက်ကပ်ခဲ့ပေမဲ့ နှစ်ဆန်းတရက်နေ့မှာတော့ ရန်ကုန်မြို့ရဲ့လမ်းတွေဟာ သွားလာသူတွေနဲ့ ပြန်လည်စည်ကားလာခဲ့ပါတယ်။