တန်ဖိုးအရှိဆုံးအသင်းလူစာရင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းက အမှတ်အများဆုံးနဲ့ ပထမနေရာမှာ ရပ်တည်နေပါတယ်။
ဘောလုံးအချက်အလက် လေ့လာရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ CIES ရဲ့ ထုတ်ပြန်ချက်အရ ရီးရဲလ်အသင်းကစားသမာတွေရဲ့ စုစုပေါင်းတန်ကြေးက ပေါင် ၁ ဒသမ ၄၅ ဘီလီယံ တန်ဖိုးရှိပြီး တန်ဖိုးအရှိဆုံးအသင်းအဖြစ် ရပ်တည်ခဲ့တာပါ။
မန်စီးတီးအသင်းရဲ့ လူစာရင်းတန်ဖိုးက ပေါင် ၁ ဒသမ ၂၃ ဘီလီယံနဲ့ အဆင့် ၂၊ ချဲလ်ဆီးက ပေါင် ၁ ဒသမ ၁၆ ဘီလီယံနဲ့ အဆင့် ၂၊ အာဆင်နယ်က ပေါင် ၁ ဒသမ ၀၃ ဘီလီယံနဲ့ အဆင့် ၄ နေရာတွေမှာ အသီးသီးရပ်တည်ပါတယ်။
အဲဒီနောက်မှာ ဘာစီလိုနာ၊ လီဗာပူး၊ ပီအက်စ်ဂျီ၊ မန်ယူ၊ စပါးနဲ့ လီဗာကူဆင်အသင်းတွေက ထိပ်ဆုံး ၁၀ သင်းစာရင်းမှာပါဝင်ခဲ့ ပါတယ်။
ကမ္ဘာ့တန်ဖိုးအရှိဆုံး ထိပ်ဆုံး ၁၀ သင်းမှာ ၆ သင်းက ပရီးမီးယားလိဂ်အသင်းတွေ ဖြစ်ပါတယ်။