ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ ဖရီးကစ်နဲ့ ပင်နယ်တီတွေကို အသင်းသစ် ရီးရဲလ်မက်ဒရစ်မှာ ဦးစားပေးကန်သွင်းခွင့်ရမှာမဟုတ်တော့ဘူးလို့ သိရပါတယ်။
အမ်ဘာပေဟာ ပြင်သစ်နဲ့ PSG အသင်းတွေမှာ ဦးစားပေးကစားသမားဖြစ်ခဲ့ပေမဲ့ မက်ဒရစ်မှာတော့ ဦးစားပေးကန်သွင်းခွင့်ရသူ ဖြစ်မလာသေးပါဘူး။
အမ်ဘာပေဟာ ဖရီးကစ်နဲ့ ပင်နယ်တီကန်သွင်းခွင့်အတွက် နည်းပြအန်ချလော့တီကို တောင်းဆိုခဲ့ပေမဲ့ လက်မခံဘဲ ပယ်ချခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ ဖရီးကစ်နဲ့ တည်ကန်ဘောတွေကို တိုနီခရူးစ်နဲ့ ရိုဒရီဂိုတို့က ဦးစားပေး ကန်သွင်းခွင့်ရခဲ့ပြီး ပင်နယ်တီကိုတော့ ဗင်နီဆီးယက်စ်က ကန်သွင်းခွင့်ရရှိခဲ့တာပါ။
လက်ရှိ ဘောလုံးရာသီမှာလည်း ဖရီးကစ်နဲ့ ပင်နယ်တီတွေကို ရိုဒရီဂိုနဲ့ ဗင်နီဆီးယက်စ်တို့ကပဲ ဦးစားပေး ကန်သွင်းခွင့်ရရှိထားတယ်လို့ သိရပါတယ်။