ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တိုရစ်က နည်းပြတက်ဒက်စ်ကို လက်အောက်မှာ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ကစားပေးမှာမဟုတ်ကြောင်း ကြေညာလိုက်ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ကော်တိုရစ်ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက နည်းပြတက်ဒက်စ်ကိုရဲ့ ဘယ်ဂျီယံအသင်းမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။
ဘယ်လ်ဂျီယံဂိုးသမားနေရာမှာ ကာစတီးကို နည်းပြက အစားထိုးအသုံးပြုကာ ယူရို ပြိုင်ပွဲယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကော်တိုရစ်က နည်းပြကို ယုံကြည်ချက်မရှိလို့ မကစားဖြစ်တာပါဆိုပြီး သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်မှာ ရေးသားထားပါတယ်။
အသက် ၃၂ နှစ်အရွယ် ကော်တိုရစ်ဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာကြောင့် အနားယူခဲ့ရပေမဲ့ ပြန်သက်သာလာချိန်မှာ ရီးရဲလ်အသင်းအတွက် ချန်ပီယံလိဂ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ ပါတယ်။
ဘယ်လ်ဂျီယံအသင်းကတော့ ယူရို ၁၆-သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး နည်းပြရဲ့ နည်းစနစ်ပိုင်းအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
လက်ရှိနည်းပြ တက်ဒက်စ်ကိုက ၂၀၂၃ ဖေဖော်ဝါရီလမှာ ဘယ်လ်ဂျီယံအသင်းကို စတင်ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။